Thursday, January 8, 2009

မြန်မာပြည်ကြီး လျှပ်စစ်မီးမှန်မှန်လာလို့ များ ဒီမော်တော်ကားတွေ တီထွင်တာလား။

လေယာဉ်စီးပြီး အာရှတိုက် ဝေဟင်ယံကများ ညဘက်အချိန်အခါမှာ ကြည့်လိုက်ရင် မဲမဲကွက်ကွက်လေး မြင်နေရရင်၊ သြော် ဒီနေရာ ငါတို့ နိုင်ငံပါလားလို့  မလွဲတမ်းပြောပြလို့  ရလောက်အောင် ဖြစ်နေတဲ့ မြန်မာနိုင်ငံ တည်နေရာ။

မီးမလာမှုကြောင့် ဖယောင်းတိုင်တွေ ထွန်း၊ အင်ဗာတာတွေ ဂျန်နရေတာတွေ သုံးနဲ့  မီးလောင်မှုတွေ ဖြစ်လွန်းရတဲ့ မြန်မာနိုင်ငံ လျှပ်စစ်ကြောင့် ဖြစ်ရတဲ့ မီးဘေးများ။

မှောင်ကြီးထဲမှာ ထိုင် ငုတ်တုတ်ငိုင်ရတာ အကျင့်ဖြစ်လွန်းလို့  လဲလျောင်းပြန်တော့ ခြင်ကိုက်ခံရပြန်တဲ့  မြန်မာနိုင်ငံသားတွေ ခံစားကြရတဲ့ ဘ၀ဆင်းရဲဒဏ်။

ဒီလို အခြေအနေတွေမှာ တီထွင်ကြံဆတဲ့ ဥာဏ်ကြီးသူတွေရဲ့  ဆန်းသစ်မှု မော်တော်ကားများကတော့ မြန်မာ့လျှပ်စစ်မော်တော်ကားများတဲ့။

လျှပ်စစ်မီးမလာလို့  အမှောင်ထဲမှာ အိပ်ရင်း မက်တဲ့ အိမ်မက်ကလေးအတွင်းမှာ မြန်မာပြည်သူပြည်သားတွေ ဒီလျှပ်စစ်မော်တော်ကားစီးရင်း မီးထိန်ထိန်လင်းနေတဲ့ မြန်မာပြည် နေရာအနှံ့  လျှောက်စီးကြပါစို့ လို့ သာ။

No comments: