Friday, February 6, 2009

တပ်မတော် (ကြည်းတပ်) နှင့် တေဇ၏ ချယ်လှယ်မှုအောက်မှာ နအဖတပ်မတော် (လေတပ်) ရောက်နေခြင်း။













လေတပ်ဦးစီးချုပ်ဟောင်းတွေမှာ ဆရာကိုကြီး၊ ပြီးတော့ ဆရာတင်ထွန်း တက်လာတယ်၊ ဆရာသိန်းဝင်း တက်လာတော့ သူ့တပည့် ကျော်အောင် နဲ့ မျိုးတင် ကို အဆင့်ဆင့် ရာထူးပေးသွား လိုက်တာ ကျော်အောင် ဆိုတာ ရွှေမန်း နဲ့ တပတ်စဉ်တည်း၊ ရွှေမန်းတောင် ဗျူဟာမှူး ရှိသေးတာ၊ ကျော်အောင်က ဗိုလ်မှူးချုပ် ဖြစ်နေပြီ၊ သိန်းဝင်း ပြီးတော့ တင်ငွေ ၊ ကျော်သန်း ၊မြင့်ဆွေ တက်လာတယ်။

သိပ်မကြာဘူး မြင့်ဆွေ က ကျော်နေ၀င်း ကိစ္စမှာ ပါသွားတော့ မြတ်ဟိန်း ဖြစ်လာတယ်။ မြတ်ဟိန်း က ၁၇ က ဆင်းတာ၊ ခင်မောင်တင်၊ တင်မောင်ထွန်း၊ မြတ်ဟိန်း (၃) ယောက်မှာ မြတ်ဟိန်းက အညံ့ဆုံး ၊ဒီလို ခပ်ညံ့ညံ့ကောင် လေတပ်ဦးစီးချုပ်ဖြစ်မှ ကြည်းတပ်က စိတ်ကြိုက်လုပ်လို့ရမှာ။ တရုတ်လေယာဉ်တွေ ကြည်းတပ်က စိတ်ကြိုက်ဝယ်တယ်။ ကောင်းကောင်း မကောင်းကောင်း မြတ်ဟိန်း ခေါင်းငြိမ့်ရတယ်။

လေယာဉ် တစ်စီးဝယ်ရင် မြတ်ဟိန်း က (၁၀) ရာခိုင်နှုန်း ရတယ်၊ သူ့မိန်းမ ထွေးထွေး က ခပ်လည်လည်ရယ်၊ သားလုပ်တဲ့ကောင်ကို တေဇ ဆီအပ်ပြီး ကျွန်ခံခိုင်းတယ်။ ပါမစ်ဆိုလည်း အားလုံး လိုက်လျှောက်နေတာ။ လေတပ်က အရာရှိတွေ နိုင်ငံခြားသင်တန်းတို့ တပ်ပြောင်းတာတို့ ကို ထွေးထွေးက ရွှေရရင် လုပ်ပေးတယ်။

ခင်အောင်မြင့် ကလည်း ခပ်ညံ့ညံ့ ပါပဲ။ မြတ်ဟိန်း ပြီးရင် သူတက်လာမှာ။ အခုလို ခပ်ညံ့ညံ့ လေတပ်ဦးစီးချုပ်များခန့်ပြီး ခိုင်းတာ အားလုံးလုပ် ပြန်မပြောရဲသောသူများမှ လေတပ်အား အုပ်ချုပ်နေသည်မှာ ရင်လေးစရာပါ။ လေတပ်အတွက် အသုံးဝင်သော လေယာဉ်များ၊ အပိုပစ္စည်းများ ၀ယ်ယူရန် မတင်ပြရဲကြပါ။

(ရေးသားသူ - ထွန်းတက်လူ) ။

No comments: