Tuesday, February 10, 2009

ပထမလ ဒုတိယအပါတ် ငွေစက္ကူပေါ်မှ လွတ်မြောက်ရေးစာသားများ လှုပ်ရှားမှု။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇန်န၀ါရီ (၂၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျေညာချက် ၂ / ၀၁ တွင်ပါရှိသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန် ဟူသော တောင်းဆိုချက် ကို ထောက်ခံသောအားဖြင့် ကျနော်တို့ လူငယ်အင်အားစု အဖွဲ့မှ ယခုကဲ့သို့  ငွေစက္ကူပေါ်တွင် လွတ်မြောက်ရေး စာသားများ ရေးကာ ဖေဖေါ်ဝါရီလ နှင့် မတ်လ နှစ်လတိုင်တိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီး ပြည်သူတရပ်လုံးအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်သည်။

အောက်ဖေါ်ပြပါ ဓါတ်ပုံများမှာ ယခုလ ဒုတိယအပါတ်၏ ငွေစက္ကူပေါ်မှ လွတ်မြောက်ရေးစာသားများ လှုပ်ရှားမှု ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် မိမိတို့  လက်ဝယ်ရှိသော ငွေစက္ကူများပေါ်တွင် အဆိုပါ လွတ်မြောက်ရေးစာသားများ ရေးသားဖြန့် ဝေခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။

မြန်မာပြည်တွင်းမှ လူငယ်အင်အားစုများ။






No comments: