အာဏာရှင်စိတ်ဓါတ်ရှိနေသူတွေဆီမှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးဆိုတဲ့ ပြည်ထောင်စုစိတ်ဓါတ် ဘယ်တော့မှ စစ်မှန်စွာ မရှိဘူး။
စစ်မှန်သော ပြည်ထောင်စုကြီးတည်ဆောက်ဖို့  တစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသားညီအကိုမောင်နှမများ အတူတစ်ကွ လက်တွဲကာ၊ စစ်မှန်သော ညီညွတ်ရေးကို စေတနာဖြူစင်သန့် ရှင်းစွာဖြင့် တည်ဆောက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား လေးစားဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ဖျက်ဆီးနေသော ကျွန်ုပ်တို့ အားလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာရှင် နအဖအား တိုက်ထုတ်ကြပါစို့ ။
အာဏာရှင်စိတ်ဓါတ်ရှိနေသူတွေဆီမှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးဆိုတဲ့ ပြည်ထောင်စုစိတ်ဓါတ် ဘယ်တော့မှ စစ်မှန်စွာ မရှိဘူးဆိုတာ တိုင်းရင်းသားပြည်သူအပေါင်းတို့  သိကြပါတယ်။
ဒီ့အတွက် နအဖ အာဏာရှင်နှင့် ဆက်ဆံရေးများကို အမြန်ရပ်တန့် ကြပြီး တိုင်းရင်းသားလူမျိုးများအားလုံး လက်ချင်းခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ကြကာ ရရာလက်နက်စွဲကိုင်ကြပြီး အမိမြန်မာမြေပေါ်ကနေ အာဏာရူး နအဖတွေကို ပြင်းပြင်းထန်ထန်တိုက်ထုတ်မှသာလျှင် တိုင်းရင်းလူမျိုးပေါင်းစုံပါဝင်သော စစ်မှန်တဲ့ ပြည်ထောင်စုကြီးမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အမိမြန်မာမြေပေါ်မှာ အာဏာရှင်နအဖတွေရှိနေသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူအားလုံး နေ့ စဉ်နဲ့ အမျှ ဘ၀ဒုက္ခအ၀၀နဲ့  အသက်အန္တရာယ်ဆုံးရှုံးမှုတွေကို ကြုံတွေ့ နေကြရမှာ ဖြစ်တယ်။
နအဖအာဏာရှင်ကို တိုက်ထုတ်ရေး ဒို့ တိုင်းရင်းသားပြည်သူများအားလုံးရဲ့  အရေး။
No comments:
Post a Comment