Tuesday, February 10, 2009

အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ စင်ပေါ်မတက်စေရဖူး။
















မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာ ပြောခဲ့တဲ့ နအဖ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းရဲ့  စကားထဲမှာ “အရည်အသွေးကို အခြေခံပြီး အရည်အသွေးပြည့်မီသူ၊ ထိုက်တန်သူများကိုသာ သက်ဆိုင်ရာ ဆုအလိုက် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

နအဖ ပြန်ကြားရေးဝန်ကြီး (အထက်ကပြောတာကို ပြန်ပြန်ကြားပြီး ကြားတဲ့အတိုင်း ပြန်ပြောရတဲ့) ကျော်ဆန်းအနေနဲ့  သန်းရွှေရဲ့ တားမြစ်ပိတ်ပင်ညွှန်ကြားခဲ့တဲ့ “အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ စင်ပေါ်မတက်စေရဖူး” (ဆိုလိုရင်းရည်ရွယ်ချက်က ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းမြင့်မားတဲ့ ပြည်သူချစ်တဲ့ အမျိုးသမီးတွေ ထိပ်ပိုင်းကို မရောက်စေရဖူးဆိုတဲ့) အမိန့် လိုလို ယတြာခြေစေလိုတဲ့စကားလိုလို စကားကို သန်းရွှေပြောတဲ့အတိုင်း ကျော်ဆန်းက တစ်သွေမသိမ်း လိုက်နာပြရတာပါဘဲ။

ကျော်ဆန်းရဲ့  အကယ်ဒမီဆုပေးပွဲမှာ ပြောခဲ့တဲ့စကားဟာ အရည်အချင်းအထိုက်အလျောက်ရှိကြတဲ့ အနုပညာရှင် အမျိုးသမီးတွေကို စော်ကားရုံတင်မကဘဲ မြန်မာပြည်က အမျိုးသမီးများအားလုံးကို ဗြောင်စော်ကားလိုက်တာပါဘဲ။

သန်းရွှေရဲ့  ကတော်ကြီး ကြိုင်ကြိုင်တို့ လို ကတော်တွေလောက်သာ အမျိုးသမီးထင်နေတဲ့ နအဖဗိုလ်ချူပ်ကြီးတစ်အုပ်စုလုံးက တိုင်းပြည်အုပ်ချူပ်ရေး နိုင်ငံရေးပိုင်းမှာရော၊ စီးပွားရေးပိုင်း ပညာရေးပိုင်းမှာရော၊ အနုပညာနဲ့  အတတ်ပညာ အသိပညာပိုင်းတွေမှာရော ထူးချွန်တတ်ကျွမ်းကြတဲ့ အခြားသော အမျိုးသမီးတွေကို နေရာပေး မြောက်စားလိုစိတ်မရှိဘူးဆိုတာ သိသိသာသာကြီး ပြသလိုက်တာပါဘဲ။

ဒါပေမယ့်လည်း နအဖဗိုလ်ချူပ်ကြီးများက သူတို့  အလိုရှိတဲ့အခါမှာတော့ ဂေါက်သီးအိတ်ကလေးတွေ ထမ်းခိုင်းတာ၊ ယပ်တောင်လေးတွေနဲ့  ခတ်ခိုင်းပြီး ခြေလက်နှိပ်ခိုင်းတာ၊ ပန်းစီးလေးတွေကိုင် လက်အုပ်ကလေးတွေချီပြီး ခရီးဦးကြိုပြုခိုင်းတာတွေ လုပ်ခိုင်းရင်းတော့ ဗိုလ်ချူပ်ကြီးများရဲ့ ကတော်တွေကိုတော့ မေ့ နေကြပြီး အခြားသော အမျိုးသမီးများကိုသာ သတိရကြပါရဲ့ ။





























































































ထပ်မံသိရှိရတဲ့ သတင်းများအရတော့ ရုပ်ရှင်ဂီတ အနုပညာရှင်အမျိုးသမီးတွေကို ၂၀၁၀ ခုနှစ် နအဖတို့ ရဲ့  ရွေးကောက်ပွဲအတွက် ၀ါဒဖြန့် ရုပ်ရှင်ကားတွေ စည်းရုံးရေးသီချင်းတွေအတွက် အဆိုပါ အကယ်ဒမီရွေးပွဲမှာ အပြောခံခဲ့ရတဲ့ “အရည်အသွေး မပြည့်မီလို့  အရွေးခံရခြင်းမရှိသူ” အမျိုးသမီးများကို ပြန်လည် အသုံချပြီး ခိုင်းစေဖို့  အရှက်မရှိ စီစဉ်နေပါသတဲ့။

မြန်မာပြည်က အနုပညာရှင်အမျိုးသမီးများအပါအ၀င် မြန်မာအမျိုးသမီးထုတစ်ရပ်လုံးက နအဖဗိုလ်ချူပ်ကြီးများ စေခိုင်းတာကို မလုပ်ကြဘဲ တုန့် ပြန်ဖို့  အချိန်ကျကာ သင်ခန်းစာပေးဖို့  လိုအပ်နေပါပြီ။

No comments: