Tuesday, February 17, 2009

(၆၁) နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့  ဘုရင်ရုပ်ထု သုံးခု။


















အာဏာရှင်နအဖ ထုတ်ဝေခဲ့တဲ့ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းမှာ ဖေါ်ပြထားတာတွေက မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုနဲ့  တိုက်ရိုက်ပတ်သက်တာ မတွေ့ ရပါ။

မြန်မာနိုင်ငံ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးအဖြစ် ပေါ်ပေါက်လာခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့  လွတ်လပ်ရေးနေ့  နေ့ စွဲတောင် ထည့်သွင်းဖေါ်ပြထားခြင်း မရှိပါ။ ထို့ အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းပေးခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းအပါအ၀င် လွတ်လပ်ရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်ကြီးများရဲ့  ရုပ်ပုံလွှာ တစ်ပုံမှ မပါဘဲ သမိုင်းကြောင်းကို လစ်လျူရှူပစ်ပယ်ထားပါတယ်။

ဒီ့အပြင် ပိုဆိုးတာကတော့ (၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ထုတ်ဝေတဲ့ တံဆိပ်ခေါင်းမှာ လားလားမှ မဆိုင်တဲ့ ရှေးခေတ်က ဘုရင်ရုပ်ထုပုံတွေ ထည့်ပြထားပြီး မြန်မာလွတ်လပ်ရေးသမိုင်းမှန်တွေကို ဖယ်ရှားပြစ်လိုက်တာပါ။

ဒီ ဘုရင်တွေရဲ့  ရုပ်ထုပုံတွေ တည်ဆောက် နေရာတကာမှာ ထည့်သွင်းပြနဲ့  နအဖသန်းရွှေဟာ ဘုရင်ရူးရူးနေပြီး လုပ်ချင်ရာ လျှောက်လုပ်တာဘဲ ရှိပါတယ်။ ရှေးခေတ်ဘုရင်တွေလိုများ သူရသတ္တိ အရည်အချင်း ဥာဏ်ပညာအမြော်အမြင်ကို ယှဉ်ဖို့  ဝေလာဝေး သူတို့ ရဲ့  ခြေဖြားက ခြေမှုံတောင် မရှိတဲ့ သူတွေက စိတ်ကူးနဲ့ ရူးပြီး နေကြတယ်။



















မြို့ တွေ လမ်းတွေ အဆောက်အဦးတွေကို ရှေးခေတ်ဘုရင်များလက်ထက်လို နန်းဆံဆံ အမည်တွေ သတ်မှတ်ခေါ်ဝေါ်ပြီး ကိုယ့်ကိုကိုယ် ဘုရင်လို သဘောထားနေတဲ့ သန်းရွှေ လက်အောက်မှာ အခစားဝင်ပြီး နာယူနေကြတဲ့ ဗိုလ်ချူပ်ရူးများ ၀န်ကြီးရူးများကလည်း အသီးသီး ကိုယ်စီရူးနေကြပါတယ်။

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းရင်းသားပေါင်းစုံစုစည်းညီညာစွာနဲ့  တိုက်ပွဲဝင်ကြပြီး မြန်မာပြည် လွတ်လပ်ဖို့  ဆောင်ရွက်ခဲ့ကြတာ မှန်ပေမယ့်၊ ဒီလွတ်လပ်ရေးနေ့  အထိမ်းအမှတ် တံဆိပ်ခေါင်းမှာ တိုင်းရင်းသားပုံတွေကို နအဖအာဏာရှင်က တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို တကယ်ဘဲ လိုလားသယောင်ယောင်နဲ့  ဟန်ပြထည့်ပြထားတာဘဲ ဖြစ်ပါတယ်။ တကယ်တမ်းကြတော့ တိုင်းရင်းသားတွေကို ဖိနှိပ်ချူပ်ချယ်နေတာ၊ ညှဉ်းပမ်းသတ်ဖြတ်နေတာ၊ သွေးခွဲနေတာ နအဖအာဏာရှင်တွေဆိုတာ သက်သေအထောက်အထားမှတ်တမ်းတွေအရ ငြင်းလို့ မရပါဖူး။ အာဏာရှင်လက်အောက်ကနေ မြန်မာပြည် လွတ်လပ်ဖို့ ၊ တိုင်းရင်းသား ပြည်သူပြည်သားတွေ လွတ်လပ်ဖို့ အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတစ်ကွ လက်တွဲပြီး သန်းရွှေဦးဆောင်တဲ့ အာဏာရူးတွေကို တိုက်ထုတ်ပြစ်ရမှာက လက်တွေ့  လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။

















မြန်မာပြည် လွတ်လပ်ရေးသမိုင်းကြောင်းအမှန်ကို ထုတ်ဖေါ်မပြရဲတဲ့ အာဏာရှင်နအဖဟာ ထုတ်ဝေခဲ့တဲ့ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်းမှာ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့် ပြီး ကြိုးပမ်းခဲ့သူတွေကို ဂုဏ်ပြုဖို့  နေနေသာ မဆီမဆိုင် ရှေးခေတ်ဘုရင်ရုပ်ထုတွေကို ထည့်သွင်းဖေါ်ပြထားတာတွေ့ မြင်ရတော့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှတ်တမ်းကို ခြေနဲ့ ဖျက်ပြီး ပျက်စီးအောင် လုပ်ပြစ်လိုက်တာပါဘဲ။

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ က ရရှိခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးကို အဆိုပါ ရှေးခေတ်ဘုရင်သုံးပါးကဘဲ ပါဝင်ဆောင်ရွက် ရယူပေးခဲ့သလိုလိုနဲ့ ၊ နအဖသန်းရွှေနဲ့  အပေါင်းအပါ ဗိုလ်ချူပ်ရူးများတို့ ရယ် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းဖြစ်စဉ်က ဘာလည်းဆိုတာ သမိုင်းစာအုပ်တွေ သေသေချာချာ ပြန်ဖတ်ကြည့်ပါဦးလို့ သာ စိတ်ပျက်စွာနဲ့  ပြောဆိုလိုက်ပါတယ်။ မြန်မာ့သမိုင်းတော့ ပျက်စီးပါပြီ။

No comments: