Thursday, February 12, 2009

ဗိုလ်မူးကြီး ညဏ်ထွန်းအောင် ပါတဲ့။

နအဖ ပို့ ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးကြီးဥာဏ်ထွန်းအောင် တက်ရောက်အမှာစကားပြောခဲ့တဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းနှစ် ၅၀ ပြည့်အထိမ်းအမှတ်သတင်းနဲ့  ပတ်သက်ပြီး ဖေါ်ပြထားတဲ့ ပြည်တွင်းသတင်းတစ်ခုမှာ ဥာဏ်ထွန်းအောင်ရဲ့  ဓါတ်ပုံနဲ့  ဓါတ်ပုံရဲ့ အောက်မှ ရေးသားဖေါ်ပြထားတဲ့ ဖေါ်ပြချက်ကတော့ -

“ပို့ ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မူးကြီး ညဏ်ထွန်းအောင်” ပါတဲ့။

မူးလည်း မူးနေတတ်လို့ ဘဲ ဗိုလ်မူးကြီး လို့  ပြောတာဘဲလား။ ပြီးတော့ ဥာဏ် မရှိလို့ ဘဲ နာမည်ပါ ဥာဏ်ထွန်းအောင်ကို စာလုံးပေါင်းတာ ညဏ်ထွန်းအောင် ဆိုပြီး ပေါင်းထားသလား။

စာလုံးပေါင်း မတော်တစ်ဆမှားတာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် နအဖ၀န်ကြီးတွေ သောက်စားမူးယစ်တတ်ပြီး ဥာဏ်အရည်အချင်း မရှိဘဲ နေရာတကာမှာ ပါလေရာ ငပိချက်လုပ်ပြီး ဆရာကြီးတွေလုပ်တတ်တဲ့ အကျင့်နဲ့ တော့ လိုက်ဘက်ညီအောင် ဖေါ်ပြလိုက်တာပါဘဲ။

ဖြစ်မှဖြစ်ရလေ ပို့ ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မူးကြီး ညဏ်ထွန်းအောင်ရယ်။

No comments: