Wednesday, February 25, 2009

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ စတုတ္ထအကြိမ်မြောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု။













































လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွလူငယ်များသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေးထူထပ်စွာ ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုသဖြင့် လူထုတရပ်လုံး သိရှိနိုင်မည့် နေရာများစွာတွင် လိုက်လံ လှုံ့  ဆော်လျှက်ရှိနေပါသည်။

ယခုလ (၂၄) ရက်နေ့ ညဘက်တွင် ဒဂုံမြို့နယ်ရှိ ကျောင်းတော်တော်များများတွင် နိုင်ငံရေးအကျဉ်းသားများ၏ ဓါတ်ပုံများစွာ ပါဝင်သော ပို့စကဒ် နှင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (Fee Burma Federation – FBF)၊ B D C ၊ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့များမှ ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ပြန်လည်လွတ်ပေးရန် တောင်းဆိုမှူများအပေါ် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိုးဆော်စာများကိုလည်း လိုက်လံ ကပ်ခဲ့ကြပါသည်။

ထိုသို့ကပ်ခဲ့ခြင်းအားဖြင့် မနက်ပိုင်းတွင် ကျောင်းရှေ့များတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသော ကျောင်းသားကျောင်းသူများ၊ ကျောင်းသာမိဘများမှ တွေ့ရှိကြရပြီး၊ အချို့ သောမိဘများမှ - အဲ့ဒါ နင်တို့ ရောက်မယ့် တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းကိုနိုင်ပေါ့၊ ခုတော့ ဟိုကောင်တွေ ယုတ်မာလို့ ထောင်ထဲ ပြန်ရောက်နေပြန်ပြီလေ - ဆိုတာမျိုးတွေအား ပို့ စကတ်ပါပုံများအား ပြသကာ ပြောဆိုကြပါသည်။

နအဖစစ်အစိုးရကို အလိုမရှိတဲ့ ကျွန်တော်တို့ တက်ကြွစွာ လှုပ်ရှားနေကြတဲ့ လူငယ်တွေဟာ ဘယ်လောက်ဘဲ ဖမ်းနေပါစေ၊ ဘယ်လောက်ဘဲ နှိပ်စက်နေပါစေ ၊ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခြင်းတို့ ကို ဆက်လက်လုပ်ဆောင်သွားမှာပါခင်ဗျာ- ဟု ပြောကြားပါသည်။

မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ။

No comments: