Wednesday, February 4, 2009

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ။

ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။

အဲဒါမနက်ပိုင်း ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပုတီးစိတ် စကားတွေပြောပြီး။ ခေါင်းလောင်းထိုး လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။

ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။

အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်။

ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး။

အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ။ သော့ခတ်ထားတဲ့ အလှူခံပုံးကို ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား။ ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို မမလေ - သိတယ်နော်။

ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့ - ဗျာ အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့ - သိမ်းတာလေတဲ့ ။

ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ ။

ကျမခေါင်းနဘမ်းကြီးသွားသလို အမတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း နားမလည်ဘူး၊ ဂေါပကသွား တိုင်မှာနော် ဘုရားပိုင်ငွေတွေ ပြည်သူတွေရဲ့ အလှူငွေတွေကို ဘယ်ကသူဌေးက ပိုင်တယ်လို့  နင်ပြောတာတုန်းဆိုတော့၊ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့ ။

ရှင်။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့။ နင့်သူဌေးက ဗုဒ္ဓဘာသာလား ဆိုတော့ - မဟုတ်ဘူး၊ ဘာသာခြားတဲ့  ။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့ ။ မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့  ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာ မဟုတ်လား ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တဲ့ ။

ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ဘာသာခြားက ရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့  ဘုရားကို ရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့  သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲ ကျမတို့  အလှူငွေမထည့်တော့ဘူးရှင်။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

(ကိုယ်တွေ့ ကြုံ ရေးသားသူ - မမ)။

No comments: