Sunday, March 1, 2009

တောင်သူလယ်သမားအရေးတော်ပုံကြီး သမိုင်းနေ့ ရက် (သို့ ) တောင်သူလယ်သမားနေ့  (မတ်လ ၂ ရက်နေ့ )။












အမိန့် အာဏာနဲ့ အုပ်ချူပ်သူတွေရဲ့ မတရားမှုတွေကြောင့် ဖိနှိပ်ချူပ်ချယ်ခံနေရပြီး အခွင့်အရေးပေါင်း မြောက်မြားစွာ ဆုံးရှုံးနေခဲ့ကြရတဲ့ တောင်သူလယ်သမားထုကြီးတစ်ရပ်လုံးကို ဦးဆောင်ပြီး ရဲရဲဝန့် ဝန့် တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာ့သမိုင်း အာဇာနည် တစ်ဦးဖြစ်ခဲ့သူ သုပဏ္ဏက ဂဠုနရာဇာဘွဲ့ ခံ “ဆရာစံ” ကို ၁၈၇၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ တွင် ရွှေဘိုခရိုင်၊ အရှေ့ သရက်ကန်မှာ မွေးဖွားခဲ့ပါတယ်။

ဆရာစံ ဦးဆောင်ပြီး ၁၉၃၀ ခုနှစ်မှာ မတရားအုပ်ချူပ်သူတွေကို တောင်သူလယ်သမားအပေါင်းက လုပ်သေနတ်များနဲ့  စတင်ပုန်ကန်တော်လှန်ခဲ့ကြသော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီတောင်သူလယ်သမားအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ တောင်သူလယ်သမားအပေါင်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသမိုင်းမှာ မှတ်တမ်းတင်ဖေါ်ပြခဲ့သလို မြန်မာ့ပြက္ခဒိန်မှာ တောင်သူလယ်သမားနေ့  (မတ်လ ၂ ရက်နေ့ ) လို့  သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။

ထို့ အတူ ဆရာစံအား ဂုဏ်ပြုသောအားဖြင့်လည်း ဆရာစံရုပ်ထုအား သာယာဝတီမြို့ မှာ ထုလုပ်တည်ထားကာ ဂုဏ်ပြုခဲ့ပါတယ်။



အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးမှာ တောင်သူလယ်သမားတွေရဲ့  အခန်းကဏ္ဍရပ်ဟာ အင်မတန် သမိုင်းဝင်ခဲ့ပြီး အရေးပါသော အခန်းကဏ္ဍရပ် ဖြစ်ပါတယ်။ ထို့ အတူ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံးအရေးတော်ပုံကြီးမှာလည်း အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ တောင်သူလယ်သမားတွေရဲ့  ပါဝင်လှုပ်ရှားမှုတွေဟာ အရေးပါခဲ့ပါတယ်)။

ယခုခေတ်မှာလည်း နအဖ အာဏာရှင် ဗိုလ်ချူပ်ကြီးများနဲ့  ၄င်းတိုရဲ့  မိသားစုအသိုင်းအ၀ိုင်းများ၊ လက်အောက်ခံ အဆင့်ဆင့် အုပ်ချူပ်သူများ၊ နအဖဘက်တော်သား စီးပွားရေးကိုယ်ကျိုးရှာသူများရဲ့  မတရားမှုတွေကို တောင်သူလယ်သမားတွေ ဆက်လက်ခံစားနေရဆဲ ဖြစ်ပါတယ်။

မတရားအုပ်ချူပ်သူမှန်ရင် လူမျိုးခြားဘဲဖြစ်ဖြစ် လူမျိုးတူဘဲဖြစ်ဖြစ် ဆန့် ကျင်တော်လှန်တိုက်ထုတ်ပစ်ကြရမှာမို့  သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့၊ မြန်မာပြည်ရဲ့  အခြေခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ တောင်သူလယ်သမားထုရဲ့  ပါဝင်လှုပ်ရှားမှုဟာ အင်မတန် အရေးပါသော အခန်းကဏ္ဍနေရာတွင် ရှိနေပါကြောင်း တင်ပြလိုက်ပါတယ်။

No comments: