Monday, March 9, 2009

အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

လျှပ်စစ်မီး မလာလို့  မနက်စောစော နေရောင်ခြည်အလာမှာ စာမေးပွဲအတွက် စာကျက်နေရတဲ့ ကျောင်းသားတစ်ဦးပါ။ ညဘက်မှာလည်း စားပွဲပေါ်မှာ ဖယောင်းတိုင်မီးလေးထွန်းပြီး စာကျက်ရပြန်တယ်။

















နအဖအာဏာရှင်တွေ နေထိုင်တဲ့ အဆောက်အဦးတွေ၊ အိမ်တွေ လမ်းတွေမှာတော့ မီးတွေ အဆက်မပြတ် ထိန်ထိန်ညီးနေပြီး၊ ငွေရှင်ကြေးရှင် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေကလည်း မီးပြတ်ခဲ့ရင်တော့ ကိုယ်ပိုင်မီးစက်တွေနဲ့  မီးအမှောင်ဆိုတာ သူတို့ ဘ၀မှာ မရှိစေရဖူး။

ပြည်သူ့ ရင်သွေး သားသမီးတွေ စာမေးပွဲတွေ အောင်မြင်ပြီး ပညာတတ်ကြီးတွေ ဖြစ်မှာစိုးလို့  ဒုက္ခအခက်အခဲတွေ အမျိုးမျိုးကြုံအောင် ဖန်တီးပေးထားတဲ့အနေနဲ့  စာမေးပွဲတွေ နီးချိန်မှာရော သာမန်အချိန်တွေမှာရော လျှပ်စစ်မီး မပေးဘဲ အမှောင်ချထားတဲ့ နအဖရဲ့  ယုတ်မာချက်ကတော့ ရိုင်းစိုင်းလွန်းပါတယ်။






















ပြည်သူတွေ မှောင်မှောင်မဲမဲထဲမှာ နေနေချိန်မှာတော့ နအဖအာဏာရှင်တွေက မီးအလင်းရောင် ထိန်ထိန်လင်းနေတဲ့အောက်မှာ ဇိမ်ခံမှုအမျိုးမျိုးနဲ့ နေနေကြတယ်။ သူတို့ ရဲ့  သားသမီးတွေ ပျော်ရွှင်မြူးတူး သောင်းကျန်းကြတဲ့ နေရာတွေမှာလည်း မီးအလင်းရောင်စုံနဲ့  သာယာမိန်းမောနေကြတယ်။

ပြည်သူတွေတော့ ညဘက်အမှောင်မှာရော ဘ၀ဒုက္ခအမှောင်မှာရော တစ်နေ့ ထက်တစ်နေ့  နက်ရှိုင်း နစ်မြုပ်နေကြရတယ်။

ဒီအမှောင်ကျနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ လျှပ်စစ်မီးတွေ ပေးပါလို့  တောင်းဆိုနေရုံနဲ့  အလင်းရောင်ပြည့်စုံမှာ မဟုတ်တဲ့အတွက်၊ အမှောင်ကိုခွင်းပြီး အလင်းဆောင်ဖို့  မီးမလာလို့ အမှောင်ထဲမှာ နေနေကြရတဲ့ မြို့ တိုင်း နယ်တိုင်းနဲ့  မီးမရှိတဲ့ဘ၀မှာ နေနေကြရတဲ့ ရွာတိုင်း ဒေသတိုင်းက ပြည်သူတွေအာလုံးက ဒီနအဖအာဏာရှင်ကို စုပေါင်းတိုက်ထုတ်ပစ်ကြရမယ်။

အမှောင်ဘ၀က လွတ်မြောက်ဖို့  - အမှောင်ခွင်းကာ အလင်းဆောင်စို့ ။

No comments: