သခင်မကြီး ဒေါ်လှကြည် (ခ) ဆရာမကြီး ဒေါ်ကြည်ဦး (ယုဝတီကြည်ဦး) ။
စာရေးဆရာကြီး (ဦး) နန်းညွန့် ဆွေ၏ ဇနီး၊ ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇနှင့် ကိုသူရ (ကိုဇာဂနာ) - သားကောင်းမြတ်တို့ ၏ မိခင် ဆရာမကြီး ဒေါ်ကြည်ဦး (ယုဝတီကြည်ဦး) ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲ ၀မ်းနည်းရပါတယ်။
ဆရာမကြီး ဒေါ်ကြည်ဦး ကွယ်လွန်သွားခြင်းသည် ကိုဝဏ္ဏ၊ ကိုတေဇနှင့် ကိုသူရ (ကိုဇာဂနာ) တို့ ၏ မိခင်ဆုံးရှုံးမှုသာမက ကျွန်တော်တို့ ၏ မိခင်ဆုံးရှုံးသကဲ့သို့  ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။
ဆရာမကြီး ဒေါ်ကြည်ဦးဟာ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုသမိုင်းမှာ သခင်မကြီး ဒေါ်လှကြည်အနေနဲ့ လည်း ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်ပြီး ထူးချွန်သော စာပေပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာမကြီးဒေါ်ကြည်ဦးဟာ သားများအပေါ်မှာသာမက အခြားသော လူငယ်လူရွယ်များအပေါ်မှာလည်း သားသမီးအရင်းကဲ့သို့  မိခင်စိတ်အပြည့်နဲ့ ရှိသူတစ်ဦး ဖြစ်ပါတယ်။ ထို့ အပြင် နေထိုင်ရာ ရန်ကင်းမြို့ နယ်တွင်လည်း မြို့ နယ်တွင်းနေ ရပ်ကွက်တွင်းနေ မြို့ သူမြို့ သား ရပ်ကွက်သူရပ်ကွက်သားများမှ အထူးလေးစားကြရသောသူများ ဖြစ်ကြပါတယ်။
ရန်ကင်းမြို့ နယ်၊ အမှတ် (၃) ရပ်ကွက်၊ (၁၂) လုံးတန်း၊ တိုက်အမှတ် (၂၁၆) အခန်းအမှတ် (၆) မှာ နေထိုင်တဲ့ လေးစားရတဲ့ ဆရာမကြီး ဒေါ်ကြည်ဦးနဲ့  တွေ့ ဆုံခဲ့သော အချိန်ကာလများကို ပြန်ပြောင်းကြည့်ရင် ဆရာမကြီးတို့  မိသားစုဟာ ပညာပြည့်ဝသူများပီပီ စိတ်ထားကောင်းမွန်မြတ်သူများပီပီ ရိုးသားအေးချမ်းစွာနဲ့  နေထိုင်ကြသူများ ဖြစ်ပါတယ်။ စာပေပညာရှင်များဖြစ်သည်နှင့်အညီ တွေ့ ဆုံချိန်များမှာ စာပေအကြောင်း ကြုံတွေ့ ခဲ့သည့်၊ ကြုံတွေ့ နေရသည့် ခေတ်အခြေအနေအကြောင်း မျှဝေပြောဆိုဖလှယ်ပြီး ဖေါ်ရွေစွာဖြင့် သွန်သင်ဆုံးမလေ့ရှိတဲ့ လေးစားထိုက်ဖွယ် လူကြီးသူမများ ဖြစ်ပါတယ်။
ယခုလို ဆရာမကြီး ဒေါ်ကြည်ဦး ကွယ်လွန်သွားကြောင်း သိရှိရတဲ့အခါမှာ ကျန်ရစ်သူ မိသားစု - အထူးသဖြင့် နအဖအာဏာရှင်တို့ ရဲ့  မတရားဖမ်းဆီးထိန်းသိန်းမှုကို ခံနေရတဲ့ ကိုသူရ (ကိုဇာဂနာ) တို့ နှင့် အတူ ၀မ်းနည်းကြေကွဲစွာ ခံစားရပါကြောင်း ပြောကြားလိုပါတယ်။
သခင်မကြီး ဒေါ်လှကြည် (ခ) ဆရာမကြီး ဒေါ်ကြည်ဦး (ယုဝတီကြည်ဦး) ကောင်းရာမွန်ရာ ဘုံဘ၀သို့  ရောက်ရှိပါစေ။
နစ်နေမန်း။
----------
http://moemaka.com/index.php?option=com_content&task=view&id=3469&Itemid=1
http://www.mizzimaburmese.com/news/inside-burma/2634-2009-03-20-15-38-41.html
http://www.voanews.com/burmese/2009-03-20-voa7.cfm
No comments:
Post a Comment