Saturday, March 21, 2009

နိုင်ငံတော်သစ္စာဖောက် တပ်မတော်သစ္စာဖောက် စစ်ယူနီဖောင်းဝတ်အရေခြုံတွေဟာ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်တွေ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့ပြီတဲ့နောက် တစ်ပါတီအာဏာရှင်နေ၀င်းရဲ့  မဆလပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ပြိုကျပျက်စီးခဲ့ပါတယ်။ သို့ သော်လည်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ မှာဘဲ ပြည်သူ့ အချူပ်အချာအာဏာကို လူသတ်လက်နက်အားကိုးနဲ့ စစ်အာဏာသိမ်းယူခဲ့ပါတယ်။

အဆိုပါ စစ်အာဏာသိမ်းအုပ်စုဟာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့  - State Laws and Order Restoration Council - SLORC) ကို ဖွဲ့ စည်းပြီး၊ န၀တဥက္ကဌအဖြစ် ဗိုလ်ချူပ်ကြီးစောမောင်ကနေ ဦးစီးခဲ့ကာ တိုင်းပြည်ကို စစ်လက်နက်အာဏာနဲ့  ခြိမ်းခြောက်အုပ်ချူပ်ခဲ့ပါတယ်။










သို့ သော်လည်းဘဲ ၁၉၈၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ က ကျင်းပခဲ့တဲ့ (၄၄) နှစ်မြောက် တော်လှန်ရေးနေ့  စစ်ရေးပြအခမ်းအနားမှာ န၀တဥက္ကဌလည်းဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင် ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားပါ အချက်အလက်တွေအရ -

၁၉၉၀ ခုနှစ်၊ မေလမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း၊

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့အခါမှာ တပ်မတော်သားတွေအပါအ၀င် နိုင်ငံဝန်ထမ်းအားလုံးဟာ ဘယ်နိုင်ငံရေးပါတီ အဖွဲ့ အစည်းများမှာမှ ပါဝင်ပတ်သက်ခြင်း မရှိစေရဘူး၊ နိုင်ငံရေးပါတီတွေနဲ့  ထွေးရောယှက်တင် မနေအပ်ဖူး၊ ဘယ်ပါတီကိုမှ ဘက်လိုက်ခြင်း ကူညီအားပေးခြင်း မပြုဘဲ တည့်တည့်မတ်မတ် နေကြရမှာဖြစ်ကြောင်း၊

ပြည်သူလူထု အကျိုးစီးပွားကို တရားဥပဒေနဲ့ အညီ ကြိုးပမ်းသယ်ပိုး ထမ်းဆောင်သွားရမှာဖြစ်ကြောင်း - စသဖြင့် ပြောဆိုခဲ့တာ တွေ့ ရပါတယ်။






















ဒီတော့ကာ ယခု ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နအဖ လို့  အမည်သမုတ်ထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီရဲ့  လုပ်ရပ်တွေဟာ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချူပ်ကြီးစောမောင်ရဲ့  လမ်းညွန်ပြောဆိုချက်တွေနဲ့  ဆန့် ကျင်နေတာကို တွေ့ ရတယ်။ ဗိုလ်ချူပ်မှူးကြီး သန်းရွှေဟာ သူ့ လက်ထက်မှာ တပ်မတော်ကို အုပ်ချူပ်ခဲ့တဲ့၊ သူ့ ထက် အစဉ်အလာစောခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့  မိန့် ကြားချက်တွေအပေါ် သစ္စာဖောက်ပြီး ကိုယ်ထင်ရာ ကိုယ်လုပ်နေတဲ့သူဖြစ်နေရုံမက တပ်မတော်တစ်ရပ်လုံးအပေါ်မှာ သစ္စာဖောက်သူလည်း ဖြစ်တယ်။

သန်းရွှေဟာ သူရဲ့  ရာထူးအာဏာမြဲဖို့ အတွက်တင်သာမကဘဲ သူရဲ့  မိသားစုဆွေမျိုးတစ်သိုက်လုံး ချမ်းသာကြွယ်ဝရေးအတွက် လုပ်ဆောင်နေတဲ့နေရာမှာရော၊ သက်ဦးဆံပိုင်ဘုရင်သဖွယ် ကိုယ်ပိုင်တစ်မိန့် တစ်အာဏာကို တည်ဆောက်နေတဲ့ နေရာမှာရော တပ်မတော်ကြီးတစ်ခုလုံးကို ခါးပိုက်ဆောင်တပ်လို အသုံးချပြီး၊ သူနဲ့  သူ့ မိသားစု အသက်အိုးအိမ်စည်းစိမ်မျှကိုသာ အကာအကွယ်ပေးဖို့  အသုံးပြုနေတာ ဖြစ်တယ်။ ယနေ့  တပ်မတော်ဟာ ကြေကွဲဝမ်းနည်းစရာကောင်းလောက်အောင် သန်းရွှေရဲ့  လက်ကိုင်တုတ်တပ် ဖြစ်နေပြီး သူနဲ့ သူရဲ့  အမျိုးအဆွေတွေကို ကာကွယ်စောင့်ရှောက်ပေးနေရပြီး တစ်ဘက်မှာ သွေးရင်းသားရင်း ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေကြရတဲ့အဖြစ် ဖြစ်နေရတယ်။

န၀တဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင် ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားပါ အချက်အလက်တွေနဲ့  ဆန့် ကျင်ဘက်ဖြစ်တဲ့ လုပ်ရပ်တွေကို - သန်းရွှေဟာ တပ်ဘက်က သူရဲ့  အလိုကျ လက်သပ်မွေးထားတဲ့ ဗိုလ်ချူပ်ကြီးများကို အာဏာရှင်သက်တမ်းရှည်ရေးအတွက် လှည့်ဖြားဆောင်ရွက်နေတဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ဆောင်ရွက်ခိုင်းနေတာတွေ တွေ့ ရတယ်။ နအဖအလိုကျ အယောင်ဆောင်ဖွဲ့ စည်းထားတဲ့ နိုင်ငံရေးပါတီ အဖွဲ့ အစည်းတွေမှာ ဘက်လိုက်စေပြီး ပါဝင်ကူုညီ အားပေးဆောင်ရွက်နေတာတွေ တွေ့ ရတယ်။

နိုင်ငံဝန်ထမ်းတွေကိုလည်း အမျိုးမျိုးသောနည်းတွေနဲ့  ဖိအားပေး ခြိမ်းခြောက်ပြီး နအဖလှုပ်ရှားဆောင်ရွက်နေတဲ့ အာဏာရှင်စနစ်တည်တံရေးလုပ်ငန်းတွေမှာ ထောက်ခံပံ့ပိုးခိုင်းတာတွေ တွေ့ ရတယ်။ တပ်မတော်သားတွေကို ငြိမ်းချမ်းစွာ မိမိတို့ ဆန္ဒကို ထုတ်ဖေါ်ပြောဆိုကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို အဓမ္မသောနည်းများနဲ့  ဖြိုခွင်းသတ်ဖြတ်ခိုင်းတယ်။ ရဲ မီးသတ် အစရှိတဲ့ ၀န်ထမ်းတွေကိုလည်း ကြံ့ ဖွတ်ဆိုတဲ့သူတွေနဲ့  ပေါင်းစပ်ပြီး စွမ်းအားရှင်လို့  အမည်သမုတ်ပြီး ပြည်သူအကျိုးစီးပွားကို ပျက်စီးအောင် ယုတ်မာစွာဆောင်ရွက်ခိုင်းတယ်။

နိုင်ငံဝန်ထမ်း ပြည်သူ့ ဝန်ထမ်းတွေရဲ့  ရုံး ဌာနဆိုင်ရာတွေတင်မကဖူး ကျောင်းသားကျောင်းသူတွေရဲ့  ကျောင်းအသီးသီးမှာပါ နအဖအလိုကျ နိုင်ငံရေးလုပ်ငန်းတွေမှာ လိုက်လံအားပေးဆောင်ရွက်ခိုင်းဖို့ အတွက် ကြံ့ ဖွတ်အဖွဲ့ အတွင်းကို အတင်းအကြပ် ဖိအားပေးဝင်ရောက်ခိုင်းတာတွေ တွေ့ ရတယ်။ နအဖအလိုကျ လိုက်လံဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီ အသင်းအဖွဲ့ တွေကို ဘက်လိုက်အားပေးကူညီခိုင်းနေတာတွေ တွေ့ ရတယ်။

ဒီ့အပြင် ဗိုလ်ချူပ်ကြီးစောမောင် ပြောကြားခဲ့တဲ့ - တပ်မတော်ဟာ ပြည်သူလူထု အကျိုးစီးပွားကို တရားဥပဒေနဲ့ အညီ ကြိုးပမ်းသယ်ပိုး ထမ်းဆောင်သွားရမှာလို့  ပြောခဲ့တဲ့အချက်နဲ့ လည်း လုံးဝမကိုက်ညီဘဲ အခုဆိုရင် သန်းရွှေလက်ထက်မှာ ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်ခိုင်းဖို့ နေနေသာ၊ တရားဥပဒေနဲ့  ညီညွတ်ဖို့ နေနေသာ ဆောင်ရွက်နေတာ မရှိဘဲ၊ ပြည်သူလူထုကို တစ်နေ့ တစ်ခြား မတရားသော အမိန့် အာဏာ ပုဒ်မတွေနဲ့  စွပ်စွဲပြောကြားပြီး နှစ်ရှည်များစွာ ထောင်သွင်းအကျဉ်းချနေတာတွေ တွေ့ ရတယ်။ မတရားဖမ်းဆီးထားတဲ့ ပြည်သူတွေအပေါ် ပိုပြီးတော့သာ ဖိနှိပ်ချူပ်ချယ် ဒုက္ခမျိုးစုံပေးနေတာ တွေ့ ရတယ်။

န၀တဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင်ရဲ့  မိန့် ခွန်းထဲမှာ တိကျစွာ ပြောဆိုထားပြီး တပ်မတော်အနေနဲ့  သိက္ခာရှိရှိ လိုက်နာဆောင်ရွက်သင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ -

၁၉၉၀ ခုနှစ်၊ မေလမှာ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ ဆန္ဒနဲ့  ရွေးချယ်ခဲ့တဲ့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့ အညီ ရွေးချယ်တင်မြောက်ပေမယ့် အစိုးရသစ်ပေါ်ပေါက်လာတဲ့အခါမှာ တပ်မတော်သားတွေအဖို့  စစ်တန်းလျားကို ပြန်သွားပြီး မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေးတာဝန်ကို ပြန်လည်ဆောင်ရွက်ကြဖို့  ဖြစ်တယ် - ဆိုတဲ့ မိန့် ကြားချက်ဘဲ ဖြစ်တယ်။




















တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင်ရဲ့  တိကျစွာပြောဆိုတဲ့ တပ်မတော်သားတွေ လုပ်ဆောင်သင့်တဲ့အချက်ကို သန်းရွှေနဲ့  လက်ပါးစေ ဗိုလ်ချူပ်ကြီးတွေကြားတဲ့အခါမှာ သူတို့ ရဲ့ အာဏာကို လက်လွတ်ဆုံးရှုံးရမှာ ကြောက်ပြီး တပ်မတော်အပေါ်မှာ၊ တပ်မတော်သားတွေ လိုက်နာဆောင်ရွက်ကျင့်ကြံသင့်တဲ့ တပ်မတော်သားတို့ ရဲ့  ကျင့်ဝတ်တရားအပေါ်မှာ ဆန့် ကျင်ပြီး ဖောက်ပြန်ခဲ့ကြတာပါ။ ဒါဟာ နိုင်ငံတော်အပေါ် တပ်မတော်အပေါ် ပြည်သူတွေအပေါ် သန်းရွှေနဲ့  ဗိုလ်ချူပ်တစ်စု သစ္စာဖောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အပေါ် တပ်မတော်အပေါ် ပြည်သူတွေအပေါ် သစ္စာဖောက်ခဲ့တဲ့ သစ္စာဖောက်နေတဲ့ သန်းရွှေနဲ့  ဗိုလ်ချူပ်တစ်စုဟာ ၁၉၉၀ ခုနှစ်၊ မေလမှာ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူတစ်ရပ်လုံးက ရွေးချယ်ပေးခဲ့တဲ့ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ်နဲ့  ပြည်သူ့ လွှတ်တော်ခေါ်ယူရေး၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနဲ့  ပြည်သူ့ အစိုးရသစ်တစ်ရပ်ဖွဲ့ စည်းရေးတို့ ကို လုပ်ဆောင်ခွင့်မပြုဘဲ အမျိုးမျိုးသောနည်းတွေကို ဟန့် တားဆောင်ရွက်ယုံတင်မက လုပ်ကြံဖန်တီးပြီး ဒုက္ခပေးခဲ့ကြပါတယ်။

၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီတဲ့နောက်မှာ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်တစ်စုဟာ သူတို့ ကို ဘယ်သူကမှ တာဝန်မပေးတဲ့၊ သူတို့ အနေနဲ့  လုပ်ပိုင်ဆောင်ရွက်ခွင့် မရှိတဲ့၊ ပြည်သူတွေ ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကသာ လုပ်ပိုင်ခွင့်အပြည့်နဲ့  လုပ်ဆောင်ရမှာဖြစ်တဲ့ အမျိုးသားညီလာခံခေါ်တာတွေ၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေံဥပေးသစ်ရေးဆွဲတာတွေကို လိမ်လည်လှည့်ဖြား အကွက်ဆင်ပြီးလုပ်ခဲ့ရုံသာမက ယခုဆိုရင် အာဏာရှင်စနစ် တရားဝင်ရေးအတွက် အာဏာရှင်အစိုးရသစ်ဖွဲ့ ဖို့ အတွက် လာမည့် ၂၀၁၀ ခုနှစ်မှာ အကွက်ဆင်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ်နေတာတွေ့ ရပါတယ်။ သန်းရွှေနဲ့  ဗိုလ်ချူပ်တစ်စုဟာ ဒီလို သူတို့  လုပ်စရာမလိုတဲ့ လုပ်ခွင့်မရှိတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ရဖို့ အတွက် တပ်မတော်ကို ၁၉၉၀ ခုနှစ်ကတည်းက ယခုထိ စစ်တန်းလျားတွေကို ပြန်ခွင့်မပေးဘဲ ဆက်လက် အသုံးချ ခုတုံးလုပ် ခိုင်းစေနေဆဲဖြစ်ပါတယ်။

ဒီလိုအခြေအနေ အဖြစ်အပျက်တွေ ဖြစ်နေကြရတာကို ကြည့်ရင် - တပ်မတော်ကြီးဟာ ပြည်သူ့ အကျိုးစီးပွားဆောင်ရွက်ရေး၊ တရားဥပဒေနဲ့ ညီညွတ်စွာ ဆောင်ရွက်ရေးဆိုတဲ့ တပ်မတော်သားတွေ လိုက်နာကျင့်သုံးရမယ့် စစ်သည်တော်တို့ ကျင့်ဝတ်ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် မဖြစ်နေတော့ဘဲ သန်းရွှေနဲ့  လက်ပါးစေ နအဖဗိုလ်ချူပ်တွေ အကျိုးစီးပွားအတွက်နဲ့  မတရားသော အမိန့် အာဏာများအတွက်သာ ဆောင်ရွက်ပေးနေရတာ ဖြစ်နေပါတယ်။






















အမှန်တကယ်ဆိုရင် သန်းရွှေနဲ့  လက်ပါးစေ နအဖဗိုလ်ချူပ်တစ်စုဟာ အထက်ကဖေါ်ပြခဲ့သလို တိုင်းပြည်နဲ့  တပ်မတော်ကြီးတစ်ရပ်လုံးအပေါ်မှာ ဖောက်ပြန်ခဲ့တဲ့ သစ္စာဖောက်တွေဖြစ်တာမို့  သူတို့ တွေဟာ မြန်မာ့တပ်မတော်ရဲ့  စစ်သည်တော်တွေ မဟုတ်တော့ပါ။

နိုင်ငံတော်သစ္စာဖောက် တပ်မတော်သစ္စာဖောက်သူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်အရေခြုံလက်တစ်စုရဲ့  ပြောဆိုချက်တွေကို အမိန့် အနေနဲ့  နာခံစရာ အကြောင်း လုံးဝ မရှိပါဖူး။ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်အရေခြုံလက်တစ်စုကို နိုင်ငံတော်သစ္စာဖောက်မှု တပ်မတော်ကို အရေခြုံခုတုံးလုပ်မှုနဲ့  အရေးယူရမှာ ဖြစ်ပါတယ်။

သန်းရွှေနဲ့  နအဖဗိုလ်ချူပ်အရေခြုံလက်တစ်စုကို နိုင်ငံတော်သစ္စာဖောက်မှု တပ်မတော်ကို အရေခြုံခုတုံးလုပ်မှုနဲ့  အရေးယူဖို့  တာဝန်ကို ပြည်သူတွေကိုယ်စား တပ်မတော်သားတွေဖြစ်ကြတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေကနေ ဆောင်ရွက်ကြဖို့  ဖြစ်ပါတယ်။

နိုင်ငံတော်သစ္စာဖောက် တပ်မတော်သစ္စာဖောက် စစ်ယူနီဖောင်းအရေခြုံ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်တစ်စုကို ဖယ်ရှားပစ်ဖို့ ရာတာဝန်ဟာ လက်ရှိတပ်မတော်သားစစ်စစ်တွေရဲ့  တာဝန်ဝတ္တရားသာ ဖြစ်ပါတယ်။

နစ်နေမန်း။

No comments: