နအဖမှ နိုင်ငံရေးအကျဉ်းသားများကို မတရား ဆက်ဆံနေခြင်း။
ပြီးခဲ့သော ဖေဖော်ဝါရီလ (၂၇) ရက်နေ့ မတရားဖမ်းဆီး အရေးယူခံထားရသော ပြည်တွင်းအဖွဲ့ငယ်တစ်ခုဖြစ်သည့် မတသဖ (မြန်မာ့တပ်မတော်သစ်ဖွဲ့ စည်းဖြစ်မြောက်ရေးအဖွဲ့ ) မှ ကိုနေ အား ယနေ့ထိတိုင် မည်သည့်နေရာတွင် ထားရှိမှန်း ရေရေရာရာ မသိရသေးသည့်အပြင် ၎င်း၏အခြေအနေနှင့်ပတ်သက်၍ သတင်းအမျိုးမျိုးလည်း ထွက်ပေါ်နေပါသည်။
နီးစပ်ရာ သတင်းရပ်ကွက်များမှ ခိုင်လုံသော သတင်းတစ်ခုအရ ကိုနေ အား လုံးဝရုံးထုတ်စစ်ဆေးမည် မဟုတ်ကြောင်းကြားသိရသဖြင့် ၎င်းအတွက် စိုးရိမ်စရာ အခြေအနေရှိကြောင်း။ ဥပဒေအရ သာမညအားဖြင့် နိုင်ငံရေးသမားများအား ဖမ်းဆီးရာတွင် ထောင်ဒဏ်ချမှတ်ရန် ရုံးထုတ်လေ့ရှိသည်။
လက်နက်ကိုင်တော်လှန်ရေးသမားများ၊ ပုန်ကန်သူများ၊ ပုန်ကန်ရန်ကြံစည်သူများ၊ တော်လှန်ပုန်ကန်မှုနှင့် ဆက်ဆပ်နေသူများကိုမူ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူနိုင်ရုံတင်မက စစ်ဆေးမေးမြန်းရာတွင် ဖြေကြားခြင်း မရှိပါက ခက်ထန်နေပါက စစ်ဥပဒေအရ ရုံးမထုတ်ပဲ နှစ်သက်သလို စီရင်ပိုင်ခွင့်ရှိသည်ဟု နအဖမှ မတရားသတ်မှတ်ထားပါသည်။
သမိုင်းတွင် အချို့ သော လျှို့ ဝှက်လှုပ်ရှားသူ (Underground movementလုပ်သူများ) သည် တောတွင်းလက်နက်ကိုင်များနှင့် အဆက်အသွယ်ရှိနေသည်ဟုဆိုကာ နအဖမှ ကွပ်မျက်ခြင်းရှိသည့် သည့် သာဓကများ ရှိသည်။ သို့ ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများအတါက် စိုးရိမ်ရပါသည်။
ယမန်နေ့ က ကိုနေ့၏ မိဘများ အင်းစိန်ထောင်သို့  မေးမြန်းခဲ့ရာ ထောင်အာဏာပိုင်များမှ ၎င်းသည် အင်းစိန်ထောင်တွင် မရှိကြောင်း ဖြေကြားခဲ့သည်။ ကိုနေ၏ အခြေအနေသည် အင်မတန် စိုးရိမ်ဖွယ်ရာ ရှိပါသည်။
ကိုနေ၏ အခြေအနေနှင့် ပတ်သက်၍ အားလုံးဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(ကိုနေ၏ မိတ်ဆွေဖြစ်သူ ပြည်သူတစ်ဦး)။
No comments:
Post a Comment