Wednesday, March 4, 2009

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းက မိန့် မှာခဲ့တယ် “ရရင် ရ၊ မရရင် ချ” တဲ့ ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ နဲ့  မြန်မာပြည်သူပြည်သူတွေ လွတ်လပ်ဖို့ အတွက် လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြတယ်။ လွတ်လပ်ရေး ရဖို့ အတွက် အမျိုးမျိုးသော နည်းလမ်းများနဲ့  ကြိုးပမ်းခဲ့ကြတယ်။ သို့ သော်လည်းဘဲ တောင်းဆိုနေရုံနဲ့  မရနိုင်မှန်း သိတဲ့အချိန်အခါမှာ လွတ်လပ်ရေးကို အလွယ်တကူနဲ့ တော့ ရနိုင်မှာ မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ပြီး၊ အများပြည်သူ လိုလားတောင်းတနေတဲ့ လွတ်လပ်ရေးကို တိုက်ယူမှ ရမယ်ဆိုတာ သေချာခိုင်မာစွာ ဆုံးဖြတ်ခဲ့ပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းက မိန့် မှာခဲ့တဲ့ “ရရင် ရ၊ မရရင် ချ” ဆိုတာကို ပြောဆိုခဲ့ပြီး လွတ်လပ်ရေးကို ရယူခဲ့တယ်။






















အင်မတန်ခေါင်းမာပြီး လှည့်ဖြားမှုမျိုးစုံနဲ့ လိမ်လည်ပြောဆို၊ ကောက်ကျစ်မှုအပေါင်းနဲ့  ဒုက္ခအဖုံဖုံပေးနေတဲ့ အာဏာရှင်ထံကလည်း ပြည်သူတွေ လိုလားတဲ့ လွတ်လပ်ရေးရဖို့  တောင်းဆိုနေရုံနဲ့  လုံလောက်နေသေးသလား၊ တောင်းဆိုနေတဲ့ အချိန်ကာလတွေ ရှည်ကြာနေပြီလား၊ တောင်းဆိုချက်တွေကို အလေးထားပြီး အလုံးစုံလိုက်လျောပေးသလား ဆိုတာတွေကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချရပါတော့မယ်။

ဒီ့အတွက် - လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းက မိန့် မှာခဲ့တဲ့ “ရရင် ရ၊ မရရင် ချ” ဆိုတဲ့ အနှစ်သာရရှိတဲ့၊ လက်တွေ့ ကြတဲ့၊ အောင်ပွဲခံခဲ့တဲ့ လွတ်လပ်ရေး အရယူပေးခဲ့တဲ့ စကားကို စဉ်းစား ဆုံးဖြတ်ကြစို့ ။

No comments: