Wednesday, March 25, 2009

ပြည်ထောင်စုအသံရေဒီယိုမှ ဖိတ်ခေါ်ခြင်း။










ကျွန်တော်တို့ ပြည်ထောင်စုအသံရေဒီယိုသည် လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်ပါသည်။ ပြည်ထောင်စုအသံရေဒီယိုသည် သျှမ်းပြည်နယ်တွင် အခြေပြုလှုပ်ရှားနေသော တိုင်းရင်းသားအဖွဲ့များနှင့် စုပေါင်းထားသော ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ မှ ထုတ်လွင့်ခြင်းဖြစ်ပါသည်။

ဒီမိုကရေဒီအရေးလှုပ်ရှားနေသည့် အင်အားစုများကို လေးစားစွာဖိတ်ခေါ်ခြင်း။

နိုင်ငံအသီးသီးတွင်ရှိကြသော ဒီမိုကရေဒီအရေးလှုပ်ရှားနေသည့် အင်အားစုများကို လေးစားစွာ ဖိတ်ခေါ်အပ်သည်။

လူကြီးမင်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုသတင်းများ၊ နိုင်ငံရေးသဘောထားနှင့် သုံးသပ်ချက်များအား ပြည်တွင်းမှ တိုင်းရင်းသားပြည်သူများအားလုံး သိရှိနိုင်ရန်အတွက် ကျွန်တော်တို့ ပြည်ထောင်စုအသံရေဒီယိုမှ ထုတ်လွှင့်ပေးလိုပါသည်။

နိုင်ငံအသီးသီးတွင်ရှိကြသော စာပေအနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များကို လေးစားစွာ ဖိတ်ခေါ်ခြင်း။

လူကြီးမင်းတို့အနေဖြင့် မြန်မာပြည်သူပြည်သားများအတွက် အကြိုးရှိစေမည့် အတွေးအခေါ်ပွင့်လင်းစေမည့်၊ ဖျော်ဖြေမှုပေးနိုင်မည့် ဆောင်ပါးများ၊ အစီအစဉ်များ၊ အသံဖိုင်များ၊ ဆွေးနွေးပွဲစကားဝိုင်းများ၊ သုံးသပ်တင်ပြချက်များကို ပြည်တွင်းမှ တိုင်းရင်းသားပြည်သူများအားလုံး သိရှိနိုင်ရန်အတွက် ကျွန်တော်တို့ ပြည်ထောင်စုအသံရေဒီယို မှ ထုတ်လွှင့် ပေးလိုပါသည်။

သို့ဖြစ်ပါသောကြောင့် ဒီမိုကရေစီအင်အားစုများအနေဖြင့် ကျွန်တော်တို့ ပြည်ထောင်စုအသံရေဒီယိုသို့ အောက်ပါလိပ်စာအတိုင်း ပေးပို့ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

ကျွန်ုပ်တို့ ပြည်ထောင်စုအသံရေဒီယိုအား တနလာင်္ ၊ ကြာသပတေး နှင့် တနင်္ဂနွေနေ့များတွင် အပတ်စဉ်ထုတ်လွှင့်မည် ဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာမှာ -

UNION OF HUMAN RIGHT COUNCIL

UHRC.AD@gmail.com
UHRC.NEWS@gmail.com
66-8-3582-3490
www.news-shrc.org , U.H.R.C.P.O.Box 2002 , Bangkok , Thailand .

No comments: