Sunday, April 12, 2009

မြန်မာပြည်မှာ တာဝန်ဝတ္တရားပေါ့ဆမှုတွေကို အရေးယူဖို့ သင့်တယ်။






















လွန်ခဲ့သော (၁၈) ရက်၊ မတ်လ (၂၀၀၉) ခုနှစ်တွင် ဦးဖိုးကော် (အသက်၇၀) ရှိ အင်းစိန်နေသူသည် ရွှေပြည်သာသို့  အလည်သွားရာမှ ပျောက်ဆုံးသွားသဖြင့် မိသားစုများအနေဖြင့် ရဲစခန်း၊ မြောက်ဥက္ကလာပဆေးရုံ (အရေးပေါ်ဌာန) များသို. ဓာတ်ပုံနှင့်တကွ အကြောင်းကြား၍ သတင်းစာများတွင်လည်း ထည်.သွင်းကြေငြာခဲ့သော်လည်း ဘာသတင်းအစအနမှ မရခဲ့ကြပေ။

မိသားစုများလည်း ပူဆွေးသောကများနှင့် ရဲစခန်းနှင့်ဆေးရုံများမှ အကြောင်းကြားလေမည်လားဟု စောင့်မျှော်နေခဲ့ကြသော်လည်း တစုံတရာ တုန်.ပြန်မှု မရခဲ့ပေ။ ဆေးရုံ (အရေးပေါ်ဌာန)သို. သုံးကြိမ်တိုင် ထပ်မံသွားရောက်စုံစမ်းသော်လည်း ထူးခြားမှုမရှိပါ၊ ရောက်ရှိမလာပါ ဟုသာ သိခွင့်ရခဲ့ရ၏။

ထိုသို.ရှာဖွေလာခဲ့ရာ ဧပြီလ (၉) ရက်နေ.တွင် မြောက်ဥက္ကလာပဆေးရုံအနီး နေထိုင်သော တာဝန်သိလူငယ်တဦးမှ သတင်းစာအား ဖတ်ရှုမိရာမှ ဖုန်းဆက်အကြောင်းကြားမှ ပိုင်ရှင်မဲ့အလောင်းများမှ ပြန်လည်တွေ.ရှိခဲ့ရရာ မိသားစုများမှာ မိမိတို့ဖခင်အား သေသေချာချာ အကြောင်းကြားရှာဖွေနေခဲ့သော်လည်း သိခွင့်မရခဲ့ရပဲ၊ သိခွင့်ရချိန်တွင် မိမိတို့ဖခငိအား ပြုစုခွင့်မရခဲ့သဖြင့် ဖြေမဆည်နိင်ခဲ့ရာမှ လူနာမှာမည်သည့်နေ.မှ စတင်၍ ဆေးရုံတွင် ရောက်ရှိကြောင်း စုံစမ်း.ရာ မတ်လ (၂၁) ရက်နေ့ ကတည်းမှ စတင်၍ ဆေးရုံသို့  ရောက်ရှိကာ ဆေးကုသခံနေရကြောင်း သိရှိရာမှ၊ အရေးပေါ်ဌာနသို့  ဓာတ်ပုံနှစ်ကြိမ်ပေး အကြောင်းကြားခဲ့ပါလျှက် မိမိတို့ အချိန်မှီ မသိရှိရသဖြင့် ထိုနေ.တာဝန်ကျမှုခင်းဆရာဝန်နှင့်တကွ အရေးပေါ်ဌာနမှဝန်ထမ်းများအား မကျေမနပ်ဖြစ်ကာ ဆေးရုံအုပ်ကြီးနှင့်တွေ.ဆုံတိုင်ကြား၍ လုပ်ပိုင်ခွင့်ရှိသလောက် လုပ်ဆောင်သွားမည်အကြောင်း ဆေးရုံနှင့်နီးစပ် သည်. သတင်းရက်ကွက်မှ ခိုင်လုံစွာ သိရှိရပါသည်။

မှတ်ချက်။ ။ ထိုလူနာမှာ လက်တဖက် သွင်သွင်ကျိုးနေခဲ့သော်လည်း သာမာန်ဆေးကုသဆောင်တွင်သာထား၍ လက်မှဒဏ်ရာမှာလည်း ဆေးကုသမှုကို လုံလောက်စွာမရနိင်ကြောင်း မိသားစုများမှ ပြောကြားခဲ့ပါတယ်။ မတ်လ (၁၃) ရက်နေ့  တွင် မေဓာဝီဆေးရုံမှတဆင့် ရေဝေးသုသာန်သို့  မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ပေးပို့ လာသူ - ဇွဲမာန်)။

No comments: