Tuesday, April 14, 2009

မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် ၂၀၀၉ ခုနှစ် ပုံရိပ်များ (၁)။

ရန်ကုန်မှာ ဒီနေ့ မနက်မှ စပွင့်တဲ့ ပန်းတောက်ပန်းတွေ။

















မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် ၂၀၀၉ ခုနှစ် (ရန်ကုန်)။








































































ဒါကတော့ မြန်မာ့ရိးရာအတာသင်္ကြန် ယဉ်ကျေးမှုကို ပျက်စီးစေတဲ့ အသွင်အပြင်ပါ။ ဒီလို ခေါင်းဆံပင်မှာ ဆေးရောင်ဗလပွဆိုးပြီး ထင်ရာစိုင်းနေသူတွေလည်း တွေ့ ရပါတယ်။ မမြင်ချင်ယောင်ဆောင်ပြီး ခွင့်ပြုထားတဲ့ နအဖတွေလည်း ရှိနေကြပါတယ်။














မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် ၂၀၀၉ ခုနှစ် (သြစတြေလျနိုင်ငံ၊ မဲဘန်းမြို့ )။


































မဲဘန်းမြို့  ပိတောက်ရိပ်သင်္ကြန်ရဲ့  ကျား - ဗိုလ်ဆွဲကစားခြင်းနှင့် ဖြော်ဖြေမှုများ။

မင်းသမီးလေး လှလှပပကပြီးသွားတဲ့နောက်မှာ လူရွှင်တော်နှစ်ယောက်က ချစ်မြတ်နိုးလို့ ဆိုပြီး သူကြိုက်ရနိုး ကိုယ်ကြိုက်ရနိုးနဲ့  အပြိုင်လုပြောကြပါတယ်။ ဒီတော့ ဘယ်သူကြိုက်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့  ကျွန်တော်တို့ တစ်တွေ ငယ်ငယ်က ကစားလေ့ရှိတဲ့ “ကျား - ဗိုလ်ဆွဲ ကစား” နဲ့  ဆုံးဖြတ်ကြဖို့  လုပ်ကြပါတယ်။

ဒီလို ကျား - ဗိုလ်ဆွဲကစားတော့ -

ပထမအကြိမ်မှာ လူရွှင်တော် (၁) ရော (၂) ရော ခါးထောက်တာတူလို့  သရေကျပါတယ်။

ဒုတိယအကြိမ်မှာ လူရွှင်တော် (၁) က လက်နှစ်ဘက်မြောက်ပြီး ကျား လုပ်တော့ လူရွှင်တော် (၂) က ခါးထောက်တဲ့အတွက် လူရွှင်တော် (၁) က သူနိုင်တယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ကျား မနိုင်ပါဖူးတဲ့။ လူရွှင်တော် (၂) က ဗိုလ်က ဗိုလ်ဖြစ်နေလို့  နိုင်ပါသတဲ့ (ဗိုလ်ဖြစ်နေလို့ ပါတဲ့)။

တတိယအကြိမ်မှာ လူရွှင်တော် (၁) က သေနတ်နဲ့ ပစ်တာမို့  သူနိုင်ပါတယ်လို့  ပြောပါတယ်။ ဒါပေမယ့် လူရွှင်တော် (၂) က ဗိုလ်မှာဘဲ သေနတ်ရှိတာမို့  ဗိုလ်ဘဲ နိုင်ပါသတဲ့။

နောက်ဆုံး လူရွှင်တော် (၁) လည်း ကျား-ဗိုလ်ထပ်ဆွဲပြီး ဘယ်လိုမှ နိုင်မရလို့  ကြံရာမရဘဲ ထိုင်ရှိခိုးတောင်းပန်ပါရော။ ဒီအချိန်မှာတော့ ဗိုလ်က ခါးကြားက သေနတ်ထုတ်ပြီး ပစ်သတ်လိုက်ပါလေရော။ နောက်ဆုံးလည်း ဗိုလ်ဘဲ နိုင်ပါသတဲ့။

ဒီပြကွက်ကလေးကတော့ ထိထိမိမိ ရှိပါပေတယ်။ နအဖလက်အောက်မှာ မတရား အနိုင်ကျင့်ဗိုလ်ကျတဲ့သူတွေချည်းဖြစ်နေလို့ ဗိုလ်တွေသာ မတရာအနိုင်ကျင့် အနိုင်ယူနေတာကို ပြကွက်ဖေါ်ပြလိုက်တာပါဘဲ။

ဗိုလ်ရဲ့ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူရွှင်တော် (၁) က သေခါနီးလေးမှာ ပရိတ်သတ်ဘက်ကို ကင်မရာလေးထုတ်ပြပြီး သေပြသွားတာကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းက ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဂျပန်သတင်းထောက်ပုံသဏ္ဍန် ဖေါ်ပြသွားတာပါဘဲ။















































































နောက်ပြကွက်တစ်တွေကတော့ မြန်မာရုပ်မြင်သံကြားမှ ကိုရီးယားမင်းသမီးနှင့် တွေ့ ဆုံခန်း၊ နေပြည်တော်က ရှင်ဘုရင်ကြီး၊ မြန်မာ့အသံသတင်းကြေညာခန်း၊ သကြားမင်း၊ နအဖလက်အောက် ပညာရေးအကြောင်း အင်တာဗျူးအဖြစ် ဝေးလံခေါင်းပါးလှတဲ့ဒေသတွေမှာ သွားရောက်ကျောင်းတက်နေရတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးကို မေးမြန်းခန်းတို့  ဖြစ်ပါတယ်။ အဆိုပါ ပြကွက်တွေဟာ နအဖအာဏာရှင်တို့ ရဲ့  လက်အောက်မှာ ဖြစ်ပျက်နေကြရတဲ့ ဆိုးရွားမှုတွေကို သရုပ်ဖေါ်ပြတဲ့အပြင် မြန်မာ့ရိုးရာ သင်္ကြန်သံချပ်များကလည်း ပီပြင်စွာ မီးမောင်းထိုးတင်ပြထားကြောင်း သိရှိရပါတယ်။

(ပေးပို့ လာသူ - မဲဘန်းမှ ပိတောက်ရိပ်သင်္ကြန် ပရိသတ်တစ်ဦး)။

No comments: