Friday, April 10, 2009

သင်္ကြန်အလွမ်းနဲ့  စင်ကာပူသင်္ကြန်။

















သင်္ကြန်တမ်းချင်း။

တူးပို့ တူးပို့ အသံတွေ စပြီးကြားနေရပြီ
သူ ရောက်လာတော့မယ်။

ရော်ရွက်ဝါတွေ မြေလူး
လေရူးတွေ ထနေကြပြီ။

အတာကူးမည့် တန်ခူးလမှာ
အညှာဖူးမည့် ပန်းတွေကလည်း ဝေေ၀ဆာ။

ကျုံးကြီး နှင့် ရွှေမန်းတောင်
တောင်သမန် နှင့် ဧရာဝတီ
လူတွေမြူးဖို့ ကြိုနေပြီ။

ဥသြတွေတွန်လို့ တပ်လှန့်နေ
သင်္ကြန်သီချင်းတွေနဲ့ လူတွေမြူးပေါ့လေ။

သြော် ... အချိန်တန် ဂိန်မာန်မှာ
အချိန်မတန် အိမ်မပြန်နိုင်တဲ့ လူအဖို့မှာတော့
ဆွေးလို့သာရူး။

(ရေးသားသူ - ကိုဖိုးချမ်း)။

No comments: