ဆေးလုံးများထဲမှ ပိုးကောင်များ ထွက်လာသော “မုံရွာဆရာမိုး” တိုင်းရင်းဆေးနဲ့  အစုရှယ်ယာဝင် ဗိုလ်မှူးချုပ် ရာပြည့်။
ဆေးလုံးများထဲမှ ပိုးကောင်များ ထွက်လာသော “မုံရွာဆရာမိုး” တိုင်းရင်းဆေးဟာ သုံးစွဲသူတွေကို ဘေးဒုက္ခးကြုံတွေ့ စေတာကို ဆေးသုံးစွဲမိလို့  ဝေဒနာခံစားကြခဲ့ကြရတဲ့ ပြည်သူအချို့ ကနေ သတင်းပေးပို့ လာပါတယ်။
အဆိုပါ “မုံရွာဆရာမိုး” တိုင်းရင်းဆေး ဆေးတိုက်ပိုင်ရှင်ရဲ့ သမက်မှာ နအဖဆေးတပ်က အရာရှိတစ်ဦးပြီး၊ အစုစပ်ရှယ်ယာပါဝင်သူကတော့ ယခင် တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဗိုလ်မှူးချုပ် ရာပြည့် (ယခု Commandant of Eastern Command Commander) ဖြစ်ပါတယ်။
ဗိုလ်မျူးချူပ်ရာပြည့်က ယခင်က တပ်မတော်ဆေးတက္ကသိုလ် (မင်္ဂလာဒုံ) ထဲမှာ ပလတ်စတသစ်စက်ရုံထောင်ပြီး ဒီဆေးတွေထည်တဲ့ ပလတ်စတစ်ဆေးဗူးတွေကို ထုတ်လုပ်ပေးပြီး ဆေးတိုက်ပိုင်ရှင်ရဲ့ သမက် ဆေးတပ်အရာရှိတစ်ဦးနဲ့  ဆက်စပ်ပြီး ဒီဆေးထုတ်လုပ်ရောင်းချရေးမှာ အစုရှယ်ယာ ပါဝင်တာ ဖြစ်ပါတယ်။
နအဖကျန်းးမာရေးဝ်ကြီးဌာနက ဆေးတိုက်ပိုင်ရှင်ရဲ့ သမက် ဆေးတပ်ကအရာရှကြောင့်ရော၊ ဗိုလ်မှူးချူပ်ရာပြည့် အရှိန်အ၀ါကြောင့်ရော ဒီဆေးကို သေချာစွာ မစစ်ဆေးဘဲနဲ့ ဆေးကို ထုတ်ခွင့်ရောင်းချခွင့် ပေးထားပါတယ်။
အဆိုပါ “မုံရွာဆရာမိုး” တိုင်းရင်းဆေးဟာ သုံးစွဲသူ ပြည်သူတွေကို အန္တရာယ်ပေးနေကြောင်း တွေ့ ရှိရပါတယ်။ အဲဒီ့ဆေးသောက်တဲ့လူအချို့ ဟာ သေလုမြောပါးဖြစ်အောင် ဝေဒနာခံစားရတယ်လို့ ပြောပြပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ အဆိုပါဆေးလုံးလေးတွေထဲကနေ ပိုးကောင်တွေ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီထွက်ပေါ်လာတဲ့ ပိုးကောင်တွေကြောင့် သုံးစွဲသူတွေ ဒုက္ခရောက်ကြရပါတယ်။ ဆေးကနေ ပိုးကောင်တွေထွက်ရတဲ့အကြောင်းကတော့ ထုတ်လုပ်တဲ့ဆေး မသန့် ရှင်းမှုက အဓိက ဖြစ်ပါတယ်။
ယခုဖေါ်ပြထားတဲ့ ဓါတ်ပုံပါ ဒီဆေးလုံးလေးတွေမှာ အပေါက်လေးများဖြစ်ပေါ်လာပြီးနောက် အဆိုပါအပေါက်လေးတွေကနေ ပိုးကောင်လေးများ ထွက်လာပါတယ်။ ထွက်လာတဲ့ ပိုးကောင်လေးတွေက အမဲရောင်အကောင်လေးတွေ ဖြစ်ပါတယ်။ ဆေးလုံးထဲကနေ ထွက်ကာစမှာ ဆေးလုံးမှာ ဘုလုံးလေးတွေဖြစ်ပေါ်စေပြီး အဆိုပါဘုလုံးကနေ ဖောက်ထွက်လာတာ ဖြစ်ပါတယ်။
ဆေးဗူးတွေကို သုံးစွဲဖို့  ဗူးဖောက်ကာစမှာတော့ ပိုးကောင်လေးတွေ မထွက်လာသေးပေမယ့်၊ ဆေးလုံးတွေကို အပြင်မှာ တစ်နာရီခန့် ထားကြည့်လိုက်တာနဲ့  ပိုးကောင်မဲမဲလေးတွေ စထွက်လာတာ တွေ့ မြင်ရပါတယ်။
ဒီ “မုံရွာဆရာမိုး” တိုင်းရင်းဆေးကို သုံးစွဲကြသူများဖြစ်ကြတဲ့ မန္တလေး၊ နောင်ချို၊ လားရှိုး၊ ပင်လောင်း အစရှိတဲ့ဒေသတွေက ပြည်သူအချို့  ၀မ်းလျှောဝမ်းကိုက်တာတွေဖြစ်ကြပြီး မကြာခင်လတ်တလောက ၅ ဦး ဆေးရုံတင်လိုက်ရပါတယ်။
အဆိုပါသုံးစွဲသူတွေဟာ ဒီဆေးကို ဆေးဗူးထဲကနေ ချက်ချင်းထုတ်သောက်လိုက်ပြီးနောက် ဗိုက်ထဲမှာ နာကျင်တာတွေဖြစ်ပြီး သေလုမတတ်ခံစားရတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒီလိုဖြစ်တာကြောင့် ဒီဆေးကို မသင်္ကာဖြစ်ပြီး ယခုလို ဆေးကို ထုတ်ပြီး စစ်ဆေးကြည့်တော့မှ ဆေးထဲကနေ ပိုးကောင်မဲမဲလေးတွေထွက်ထာတာတွေ့ ရလို့  ထိတ်လန့် တုန်လုပ်မိကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။
မကြာခင်ကာလကလည်း အမေရိကန်နိုင်ငံမှာ လူကိုအန္တရာယ်ပေးတဲ့ မြန်မာတိုင်းရင်းဆးတစ်မျိုးကို တင်ပို့ ရောင်းချသုံးစွဲခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိကြပါတယ်။
တကယ်ဆိုရင် အခုလို မသန့် ရှင်းတဲ့ဆေးတွေဟာ စားသောက်ကုန်ထဲမှာပါတဲ့ ဆိုးဆေးတွေထက် အန္တရာယ်ပိုရှိပါတယ်။ ဆိုးဆေးက သုံးစွဲပြီးကြာမြင့်တဲ့အချိန်ကြမှသာ လူကို တဖြေးဖြေးချင်းအန္တရယ်ပေးပေမယ့်၊ မသန့် ရှင်းတဲ့ဆေးဝါးနဲ့  ဆေးမှာပါဝင်တဲ့ ဖေါ်စပ်သုံးစွဲတဲ့ပစ္စည်းတွေ မမှန်ကန်မှုကြောင့် ဒီလိုအန္တရာယ်ဖြစ်စေတဲ့ဆေးတွေကတော့ ချက်ချင်းလျင်မြန်စွာဒုက္ခပေးတတ်ပြီး အသက်ပါဆုံးရှုံးရလောက်အောင် ပြင်းထန်စွာဆိုးကျိုးပေးတတ်ပါတယ်။
ယခုလို နအဖရဲ့  လက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့  ပေါ့ဆညံ့ဖြင်းမှု၊ ဆေးဝါးထုတ်လုပ်သူပိုင်ရှင်များနဲ့  စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အစုစပ်ရှယ်ယာဝင်သူ အရာရှိကြီးများထံမှ လာဘ်စားမှု၊ ဆေးပညာပိုင်းဆိုင်ရာ မကျွမ်းကျင်မှုနဲ့  ခေတ်မီဆေးဝါးစမ်းသပ်မှုပစ္စည်းကိရိယာများ မပြည့်စုံမှု၊ ဆေးဝါးစမ်းသပ်စစ်ဆေးသူများရဲ့  ကိုယ်ကျိုးရှာမှုတို့ ကြောင့် ဒီလို အသက်အန္တရာယ်သေစေနိုင်တဲ့ ဆေးဝါးတွေကို မသိဘဲ သုံးစွဲမိတဲ့ ပြည်သူတွေရဲ့  ဘ၀အသက်ကတော့ ရင်လေးစရာ ကြောက်စရာတော်တော် ကောင်းပါတယ်။
No comments:
Post a Comment