Sunday, April 19, 2009

တစ်နေ့ စာ ၀မ်းစာရေးအတွက် ရိုးရိုးသားသား ကြိုးစားနေကြရသော ကလေးငယ်များနှင့် အရက်သေစာရောင်းချခိုင်းခြင်း ခံနေရသော ကလေးငယ်များဘ၀ သနားစရာ။

ဗွီဒီယိုမှတ်တမ်းလေးပါ ရန်ကုန်မြို့ က မြန်မာကလေးငယ်လေးတွေရဲ့ တစ်နေ့ စာ ၀မ်းစာအတွက် ကြိုးစားပြီးတော့ သီဆိုတီးခတ်ပြနေတာတွေ့ ရတော့ ကျွန်တော်တို့  အနာဂတ်ရင်သွေးငယ်လေးတွေဘ၀ဟာ ဆိုးရွားလှပါလားလို့  တွေးမိပြီး အတော်စိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအတွင်းမှာ သူတို့ လေးတွေခမျာ အခြားသောသူတွေလို မပျော်နိုင် မပါးနိုင်ဘဲ၊ အခုလို ၀မ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။



(ဗွီဒီယိုဖိုင်ပိုင်ရှင် cadenza546 အား ကျေးဇူးတင်ရှိပါသည်)။

ထို့ အတူ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်းမှာ့ တစ်နေ့ စာ ၀မ်းစာအတွက် ရောင်းချလို့  အဆင်ပြေနိုင်ဆုံးဖြစ်နိုင်တဲ့ အရက်သေစာများကို အသက်အရွယ်အရ မသင့်တော်ဘဲ ရောင်းချခိုင်းခံနေရတဲ့ မြန်မာကလေးသူငယ်များဘ၀ဟာလည်း ရင်လေးစရာပါဘဲ။























































































(ဓါတ်ပုံများအား nyiminsan ထံမှ ရယူမျှဝေဖေါ်ပြခြင်း ဖြစ်ပါသည်၊ ကျေးဇူးတင်ရှိပါသည်)။

ဒီကလေးသူငယ်တွေကို အခုလို သီချင်းဆိုပြီး တီးခတ်ပြီး ၀င်ငွေရှာရသလား၊ အခုလို အရက်သေစာရောင်းချပြီး ၀င်ငွေရှာရမလားဆိုပြီး သူတို့ လေးတွေကို အပြစ်ပြောဖို့ မဟုတ်ပါ။ သူတို့ လေးတွေအနေနဲ့  မလုပ်ချင်လည်း မသင့်တော်လည်း လုပ်ရတဲ့ ဘ၀အခြေအနေပေးက ဒီလိုဆိုးဆိုးရွားရွားဘ၀ ဖြစ်နေရတာကိုး။

တကယ်တန်း အပြစ်ပြောရမှာ သူတို့ လေးတွေ မဟုတ်ပါ။ အပြစ်တင်ရမှာကတော့ မြန်မာနိုင်ငံကို မတရားအုပ်ချူပ်နေတဲ့ သန်းရွှေနဲ့  နအဖတွေ ဖြစ်ပါတယ်။ သူတို့ ကြောင့် တိုင်းပြည်နဲ့ လူမျိုးဟာ ဆင်းရဲမွဲတေနေပြီး တစ်နေ့ တာဝမ်းစာအတွက် အခက်အခဲပေါင်းစုံကြားကနေ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ပြည်သူတွေဘ၀ဟာ ဘယ်လောက်ဒုက္ခအတိရောက်နေကြပြီး ငရဲဘ၀ကို အရှင်လတ်လတ်ခံစားနေရသလည်းဆိုတာ သက်သေပြနေတာတွေပါ။

သန်းရွှေနဲ့  နအဖတွေနဲ့  သူတို့ ရဲ့  သားသမီးတွေ အကောင်းစား အစားအသောက်တွေကို ပိုလျှံစွာစားသောက်ပြီး အဆီယစ်မူးနေကြချိန်၊ တိုက်တာအဆောက်အဦးတွေနဲ့  ဇိမ်ကျကျနေနေကြချိန်၊ ကားအစုံအညီနဲ့  အပျော်အပါး အလည်အပတ်ထွက်နေကြချိန်မှာတော့ ကျွန်တော်တို့ ပြည်သူ့ ရင်သွေးလေးတွေဟာ မိုးရွာရွာနေပူပူ လမ်းမတွေပေါ်မှာ လျှောက်လှမ်းနေကြရပြီး တမင်းတစ်လုပ်စားရဖို့ အတွက် အခုလို ဘ၀ခရီးကို ကြမ်းတမ်းစွာ ဖြတ်ကျော်နေရပါတယ်။

သန်းရွှေနဲ့  နအဖတွေနဲ့  သူတို့ ရဲ့  သားသမီးတွေ ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ ကြီးပွားချမ်းသာပြီး မြန်မာပြည်တွင်းနဲ့  နိုင်ငံရပ်ခြားမှာ ပညာသင်နေကြချိန်မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကလေးသူငယ်တွေ ဘ၀ကတော့ စာသင်ဖို့ ဆိုတာ ဝေလားဝေး အခုလိုအချိန်ပေးရုန်းကန်လှုပ်ရှားမှ အစာငတ်ပြေမယ့်အနေအထားမို့  အခြားဘာမှ စိတ်ကူးတောင် မယဉ်ရဲပါဖူး။ အခြေအနေလည်း မပေးပါဖူး။

ဒီကလေးငယ်လေးတွေ တဖြေးဖြေး အရွယ်ရောက်လာရင်တော့ ဘယ်လိုဘ၀ ဘယ်လိုအခြေအနေဖြစ်ကြမလည်းဆိုတာ တွေးတောင် မတွေးရဲလောက်အောက် ရင်လေးမိပါတယ်။

တိုင်းပြည်နဲ့  လူမျိုး အမှန်တကယ် လွတ်လပ်မှ၊ အမှန်တကယ် သာယာဝပြောမှ၊ အမှန်တကယ် ဘ၀ဖူလုံမှ၊ အမှန်တကယ် ဘ၀လုံခြုံမှသာလျှင် ကျွန်တော်တို့ ရဲ့  ပြည်သူ့ ရင်သွေးလေးတွေဘ၀ကို ဒီလို ဆိုးဆိုးရွားရွား မြင်တွေ့ ရမှာ မဟုတ်ပါဖူး။

ပြည်သူ့ ရင်သွေး ကလေးသူငယ်များဘ၀ သာယာလှပဖို့  လုံခြုံဖို့ အတွက် ကျွန်တော်တို့  လူကြီးတွေမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။

No comments: