ယနေ့ သင်္ကြန်။
အောင်သပြေနဲ. ရေပက်တဲ့ သင်္ကြန်၊
ငွေဖလားနဲ. ရေကစားတဲ့ သင်္ကြန်၊
နှစ်ကူးမှာ ကြည်နူးကြတဲ့ သင်္ကြန်။
အတာဆိုတာ မင်္ဂလာအပေါင်းနဲ့ ပြည့်နေတဲ့ မြန်မာ့ဟန် မြန်မာ့သင်္ကြန်၊
သံချပ်သံတွေ လွှမ်းခဲ့ဘူးတဲ့ တူးပို.တူးပို.သင်္ကြန်၊
အဲဒီလိုသင်္ကြန်တွေ တိမ်မြုပ် ဆူလောင်ပေါက်ကွဲသံတွေနဲ. အရက်သင်္ကြန်၊
သရုပ်ပြက်ဝတ်စား လော်လီဖောက်ပြားမှုတွေ ကြီးစိုး၊
သင်္ကြန်ဆိုတာ တရားဝင် မူးယစ်သောက်စားခွင့်ရနေသလို၊
ပြည်မြန်မာ့အလှ ပျောက်ခဲ့ရတာ ရာစုနှစ်တွေကျော်ခဲ့။
ဒီနေ.သင်္ကြန်မှာ -
စီးပွားပျက်ကပ်က တပင်တိုင်မင်းသမီး၊
နာဂစ်က လူရွှင်တော်လုပ်၊
နအဖက သံချပ်ထိုး၊
(၁၃၇၀) နှစ်ကူးမှာ ပြည်သူတွေ အလူးအလဲနဲ့ သင်္ကြန်ဆိုတာ မူးယစ်ဖို့ သက်သက်လို၊
ညစ်သမျှကို အတိုးချ ပြဿနာဘလပွကြုံမယ့်အရေး မျှော်တွေးလို့ မြင်တာကြောင့်၊
ပြည်သူ.မောင်ကျောင်းသားတို. သာသနဘောင်ဝင်ဖို့ အရေး ဆွေးနွေးကြပေမဲ့၊
သံဃာဆိုမြင်သမျှ အာပလာဂတုံးတွေကွလို့ ၊
ကြံ့ဖွတ်နဲ့ စွမ်းအားရှင် မူးယစ်ကာ မှားထင်၊
တရားဝင် ရိုက်မှာကြောင့် ဖျက်လိုက်ရကြောင်း။
(ရေးသားသီဖွဲ့ သူ - ဇွဲမာန်)။
No comments:
Post a Comment