Wednesday, April 15, 2009

လက်ရှိ Tropical Cyclone မုန်တိုင်းအခြေအနေနှင့် နအဖ ဘာလုပ်နေလည်း။

ယခုလက်ရှိ ခန့် မှန်းချက်အရဆိုရင် ဒီ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း (Chittagong) အနားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်သွားဖို့  အလားအလာရှိနေပါတယ်။ သို့ သော်လည်းဘဲ ၀င်ရောက်မယ့်လမ်းကြောင်းကို ယခုအချိန်မှာ ပြောရခက်ပါသေးတယ်။





















ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ၀င်ရောက်ခဲ့ရင်တောင် နီးစပ်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းအထက်ပိုင်းဒေသတွေအတွက် မုန်တိုင်းအရှိန်ရိုက်ခတ်မှုကြောင့် မိုးသက်လေပြင်းကြခြင်းနဲ့  လှိုင်းကြီးခြင်းများ ဖြစ်နိုင်တဲ့အတွက် အဆိုပါ ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသမှ သတိထားကြရန် လိုအပ်ပါတယ်။

အောက်ဖေါ်ပြပါပုံကို ကြည့်ပါ။ ယခင်နှစ်က နာဂစ်ရဲ့  လမ်းကြောင်းပြောင်းခဲ့မှုပါ။ ယခင်နှစ်ကဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းရဲ့  လမ်းကြောင်းဟာလည်း မူလဖြစ်ပေါ်နေတဲ့လမ်းကြောင်းကတွေ ပြောင်းလဲသွားပြီး မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို ကွေ့ ဝင်သွားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ယခုအချိန်မှာ ပြောရန်ခက်ခဲသေးသော်လည်း ကြိုတင်ကာကွယ်ပြင်ဆင်မှုများနဲ့  သတိပေးချက်များ အချိန်မီ အသိပေးပြောကြားကြရန် လိုအပ်ပါတယ်။
















ဒေသခံပြည်သူတွေကို ကြိုတင်သတိပေးခြင်း အချိန်ပုံမှန်သတင်းပြောဆိုခြင်း မရှိခဲ့ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှု မရှိခြင်း၊ ဖြစ်ပွားနေစဉ်အချိန်ကာလအတွင်းမှာ အသက်ကယ်လုပ်ငန်းများ အရေးပေါ်နေရာပြောင်းရွှေ့ ခြင်းများ လုပ်ဆောင်ခဲ့မှု မရှိခဲ့ခြင်း၊ မုန်တိုင်းဘေးဒဏ်အကူအညီပေးရေး ယာဉ်စက်ကိရိယာများနဲ့ အစားအသောက်များ မရှိခြင်းတို့ အတွက် မြန်မာပြည်သူ့ပြည်သားတို့ ရဲ့  အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံးခဲ့ကြရပါတယ်။

အကယ်လို့ များ ယခု Tropical Cyclone မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့  မ၀င်ဘဲ လမ်းကြောင်းပြောင်းသွားပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်ဆီသို့ သာ ၀င်ရောက်သွားမယ်ဆိုရင် - ယခုအချိန်ကတည်းက ပြည်သူလူထုကို မုန်တိုင်းသတိပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများပြင်ဆင်ထားခြင်း၊ မုန်တိုင်းထိခိုက်နိုင်သည့်နေရာဒေသများမှ ပြည်သူလူထုအား လွတ်မြောက်ရာနေရာများသို့  ကြိုတင်ပြောင်းရွေ့ နေရာချထားပေးခြင်း၊ မုန်တိုင်းဖြစ်ပွားချိန်တွင် မည်ကဲ့သို့  အသက်ဘေးအန္တရာယ်များမှ လွတ်မြောက်ရန် ဆောင်ရွက်သင့်သည့်အချက်များအား ထုတ်ပြန်ကြေညာခြင်းများကို နိုင်ငံတော်ကို အုပ်ချူပ်နေပါတယ်ဆိုတဲ့ နအဖတွေ ဘာမှထိထိရောက်ရောက် ပြည့်ပြည့်စုံစုံနဲ့  မလုပ်ထား မဆောင်ရွက်ထားဖူးဆိုရင် ပြည်သူလူထုတွေရဲ့  ဘ၀တွေ သဘာဝဘေးအန္တရာယ်တွေကြားက လွတ်မြောက်ပါစေလို့ ဘဲ ဆုတောင်းရုံ ဆုတောင်းပေးရမှာဘဲ။

နိုင်ငံတကာအကူအညီတွေကို နာဂစ်ဘေး ဘန်းပြပြီး မျက်နှာအရှက်မရှိ တောင်းစားခဲ့ကြတဲ့ နအဖကြီးတွေ၊ နာဂစ်ဘေးအလှူပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ဘုံးပြီး သုံးစွဲခဲ့သူတွေ သေဆုံးခဲ့ကြတဲ့ ပြည်သူတွေအသက်ကို ခုတုံးလုပ်ကြတဲ့ အဖြစ်မျိုး ထပ်မံ မတွေ့ မြင်ရပါစေလို့ ဘဲ ဆုတောင်းရမလားဘဲ။

ယခုအချိန်အထိ ဒီ Tropical Cyclone မုန်တိုင်းအခြေအနေနဲ့  ပတ်သက်ပြီး နအဖမှ ကြိုတင်သတိပေးခြင်း၊ သတင်းပုံမှန်ထုတ်ပြန်ကြေညာခြင်း၊ အရေးပေါ်လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားခြင်းနဲ့  နေရာပြောင်းရွေ့ ချထားရေးတို့ အတွက် ကြိုတင်စီစဉ်ခြင်း မရှိသေးပါ။ ယနေ့ ထုတ်သတင်းစာထဲထိ ပေါ့ပေါ့ဆဆအနေဖြင့်သာ မိုးလေ၀သသတင်းကို ရေးသားထာတာ တွေ့ နေရဆဲ ဖြစ်ပါတယ်။
















ပြည်သူပြည်သားအပေါင်းတို့  သဘ၀ဘေးအန္တရာယ်ဆိုးများမှ ကင်းဝေးကြပါစေလို့  နှစ်သစ်ကူအချိန်သမယမှာ အထူးဆုတောင်းပါတယ်။

No comments: