မိုက်သူတို့ ရဲ့ သွားရာလမ်း။
တို့ ပြည်သူတွေရဲ့ ဘဝကြမ္မာရိုင်း
မေ (၂)ရက်နာဂစ်မုန်တိုင်းကြောင့်
သေသူသေ ကြေသူတွေကြေကြ
သန်းနဲ့ ချီတဲ့ပြည်သူတွေရဲ့ ဘဝ
ရေမှာခကြရ မြေမှာခကြရပေါ့ ---
ကယ်သူမဲ့ ဆယ်သူမဲ့တို့ ရဲ့ ဘဝ
ဒုက္ခတွေဗလပွနဲ့ 
သေမဲ့ ရက်ကိုလက်ရေချိုး
ကယ်မဲ့သူကိုမျှော်ကိုးရင်း
ရင်းလိုက်ရတဲ့အသက်တွေ
ရေလို့ ပင်မရ ဆုံးရှုံးကြရပေါ့ ---
သြော်န.အ.ဖ- န.အ.ဖ
ဘယ်သူတွေကြွကြွ
ဘယ်သူတွေဒုက္ခရရ
ဘယ်သူသေသေ ငတေမာရင်ပြီးရော
ထင်ရာပြောပြီး
နာဂစ်မှာဒုက္ခရောက်သူ ပြည်သူကိုလျစ်လျှူရှုပြီး
မိမိအာဏာတည်မြဲရေးသာအဓိက
ဒါဟာပဓါနဆိုပြီး
ထောက်ခံပွဲကို ဇွတ်တင်းနွှဲခဲ့ကြတယ်။
မည်သူမှ မထောက်ခံတဲ့မဲ
ထောက်ခံမဲပါဆိုပြီး
ကမ္ကာကို လိမ်ကာပြ
သြချလောက်ပါရဲ့ ---
ပြည်သူအချင်းချင်း ဝိုင်းကာကူ
နာဂစ်ပြည်သူကို
ပေးကြကမ်းကြ စွန့် ကြဲကြတဲ့ 
မြန်မာတွေရဲ့  မွန်မြတ်တဲ့စိတ်ဓာတ်
ကမ္ကာ့မှတ်ကျောက်စာရင်းတင်လောက်ရဲ့  ---
ဒါပေမဲ့ ….န.အ.ဖ
သူများတွေလှူထားတဲ့ ..ဒါန
ဒုက္ခိတတွေ ပါးစပ်ထဲက
စွဲယူထုတ်လို့  ဝါးကာမျိုချ
ရိုင်းစိုင်းယုတ်မာကြပေါ့ ---
ကြွေတလှည့် ကြက်တခုန်
ဗုံလုံတလှည့် ငါးဖျံတလှည့်
မှန်ကင်းတလှည့် ထင်းတလှည့်မို့ 
ကိုယ့်အလှည့်ကျ မနွဲ့စတမ်း
လာမဲ့လမ်းဟာ လက်တကမ်းမှာမို့ 
ဒီတခါ ကိုယ့်အလှည့်ကျ
ရဲရဲသာခံ ကြပေရော့ ……
မင်းတို့ အတွက် မဟာအဝီစိ
အစဉ်အမြဲရှိတယ်
မိုက်သူတို့ ရဲ့ သွားရာလမ်း။
မင်းသုည (ကွမ်းခြံကုန်း)။
(နာဂစ်တစ်နှစ်ပြည့် နှစ်ပတ်လည်)။
No comments:
Post a Comment