ထိုင်းနိုင်ငံ၊ အုန်းပြန့်ဒုက္ခသည်စခန်း၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်။
ထိုင်းနိုင်ငံ၊ အုန်းပြန့်ဒုက္ခသည်စခန်း၌ မေလ(၄)ရက်နေ့ ညနေ ၄ နာရီတွင် ကမ္ဘာလုံးချမ်းသာဆရာတော်မှ ဦးဆောင်ပြီး၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်စေရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် မီးထွန်းပူဇော်ပွဲကို ကျင်းပခဲ့သည်။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံတက်ရောက် သူ ၅၀၀ ကျော်ရှိပြီး ကမ္ဘာလုံးချမ်းသာဆရာတော်ဦးသုမင်္ဂလနှင့် အစ္စလမ်ဘာသာခေါင်းဆောင်၊ ခရစ်ယာန်ဘာသာခေါင်းဆောင်တို့မှ အလှည့်ကျ ဆုတောင်းမှုများ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။
ဆရာတော်က ယခုလို ထိုင်းနိုင်ငံနယ်စပ်ကနေ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့  မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းစေဖို့ ဦးဇင်းတို့ဒုက္ခသည်တွေက ဆုတောင်း၍ ကျင်းပပြုလုပ်နိုင်တာ ဂုဏ်ယူစရာပဲ။
အခြားဘာသာရေးခေါင်ဆောင်များကိုလည်း ကျေးဇူတင်စရာဘဲ။ ဆုတောင်းခြင်းဆိုတာ အညံ့ခံတာ မဟုတ်ဘူး။ ညီညွတ်တည်ဆောက်ကြတာ၊ အစိတ်စိတ် အစည်းပြေနေတဲ့ ဦးဇင်းတို့ တိုင်းသူပြည်သားလူမျိုးစုတွေ ညီညွတ်ရေးတည်ဆောက်နိုင်မှ ”ဒီမိုကရေစီပန်းတိုင်ကိုရောက်ရှိမှာ” လို့ မိန့်ကြားသွားသည်။
အုန်းပြန့်စခန်းဆုတောင်းပွဲကြေငြာချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟမှ ဖတ်ကြားသွားပါသည်။
No comments:
Post a Comment