Saturday, May 23, 2009

ဘုံရန်သူ အာဏာရူး နအဖကို ဘက်ပေါင်းစုံက တော်လှန်တိုက်ခိုက်ကြ။ ညီအကိုတိုင်းရင်းသားတွေနဲ့  ပြည်သူတွေ လက်တွဲကြ။ ကိုယ့်တာဝန် ကိုယ်ကျေကြ။



















သျှမ်းပြည်တပ်မတော် တပ်ဖွဲ့မှ ၂၀၀၉ မေ (၂၁) ရက် မနက် (၀၄း၃၀) နာရီအချိန်တွင် လဲချား - ပင်လုံ အကြား မိုင်တိုင်အမှတ် (၂၁) တွင် နအဖစစ်တပ်မှ စခန်းချထားသော နအဖတပ် နှင့် ပုလိပ်လမ်းကင်းတဲ တခုအား ၀င်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သျှမ်းပြည်တပ်မတော်မှ စီးနင်းတိုက်ခိုက်ရာတွင် နအဖစစ်တပ်ဘက်မှ (၅) ယောက်သေဆုံးပြီး လက်နက်များလည်း သိမ်းဆည်းရရှိခဲ့ကြောင့် သိရှိရပါတယ်။

သျှမ်းပြည်တပ်မတော်၏ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် လဲချား အခြေစိုက် ခလရ (၆၄) မှ ဒုအရာခံဗိုလ်တင်အုန်း နှင့် တပ်သား တယောက်၊ ဒုရဲအုပ် အေးမင်းထွန်း နှင့် ရဲသား ၂ ယောက် စုစုပေါင်း (၅) ယောက် သေဆုံးပြီး သေနတ် ၃ လက်ရရှိကြောင်း သိရပါတယ်။

အာဏာရူး နအဖကို ပါးစပ်ကပြောနေလို့  အချိန်သာကုန်မယ်။ ပြည်သူတစ်ဦးချင်းစီတိုင်းက ရရာလက်နက်ဆွဲကိုင်တိုက်ကြ။

No comments: