ပြည်သူလူထုမျက်စိရှေ့ မှောက်မှာ တရားစီရင်မှုကို မြင်တွေ့ ကြားသိနိုင်အောင် ဆောင်ရွက်ပေးရန် နအဖအား တောင်းဆိုလိုက်သည်။
နေပြည်တော်မှာ မေလ (၁၂) ရက်နေ့ က ကျင်းပခဲ့တဲ့ တရားရုံးချူပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများရဲ့  လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နအဖရဲ့  ၀န်ကြီးချူပ် သိန်းစိန်ကိုယ်တိုင် ပြောခဲ့တဲ့ အမှာစကား ဖြစ်ပါတယ်။
“တရားစီရင်ရာတွင် အများမြင်စေရာသည်။ ပြည်သူများရှေ့ မှောက်မှာ စီရင်ဆုံးဖြတ်” ဆိုတဲ့စကားကို နအဖ၀န်ကြီးချူပ် သိန်စိန်ကိုယ်တိုင် ပြောခဲ့တာ မေလ (၁၃) ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ အတိအလင်း ပါရှိပါတယ်။
ဒီအတွက် မြန်မာပြည်သူ လူထုတစ်ရပ်လုံးကနေ သိချင်မြင်ချင်နေတဲ့ ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲကာ တရားစွဲဆိုထားတဲ့ အမှုကို ပြည်သူလူထုမျက်စိရှေ့ မှောက်မှာ မြင်တွေ့ ကြားသိနိုင်အောင် ဆောင်ရွက်ပေးပါလို့  တောင်းဆိုလိုက်ပါတယ်။
ပြည်သူလူထုရှေ့ မှောက်မှာ မြင်တွေ့ ကြားသိနိုင်အောင် ဆိုတဲ့ဟာကို တိတိကျကျ ထပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းမယ့် အထူးတရားရုံးအတွင်းကို ပြည်သူလူထုအနေနဲ့  အဟန့် အတား ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ ၀င်ရောက် နားထောင်မြင်တွေ့ ပိုင်ခွင့် ရှိရမယ် ဆိုတာဖြစ်တယ်။
နအဖ၀န်ကြီးချူပ်ကိုယ်တိုင်ပြောဆိုခဲ့တဲ့ စကားနဲ့ အညီ၊ မြန်မာ့ဥပဒေထုံးတမ်းဓလေ့နှင့်အညီ ယခုတောင်းဆိုချက်ကို ယနေ့  မေလ (၁၈) ရက်နေ့  ဒေါ်အောင်ဆန်းစုကြည်အား စတင်ရုံးထုတ်မည့် အချိန်မှစ၍ အကောင်အထည်ဖေါ် ဆောင်ရွက်ရန် အထူးတောင်းဆိုလိုက်သည်။
ကျွန်ုပ်တို့ ၏ တောင်းဆိုချက်အား နအဖအနေဖြင့် အပြည့်အ၀ လိုက်နာမှုမပြုလုပ်ပါက ယနေ့ မှ စတင်၍ လူထုတစ်ရပ်လုံးပါဝင်သော တော်လှန်တိုက်ပွဲကို စတင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
No comments:
Post a Comment