ယနေ့  အင်းစိန်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖမှ မတရားအမှုဆင် တရားစွဲဆို စွပ်စွဲမှုအား ကန့် ကွက်ခဲ့ကြတဲ့ မြေသြဇာအဖွဲ့ ထံမှ ဓါတ်ပုံများ။
ယနေ့ အင်းစိန်ထောင်နေရာ တစ်ဝိုက်တွင် အစောဦးပိုင်းအချိန်၌ ပြည်သူများမှ နေရာအနှံ့  စုဝေးရောက်ရှိနေကြတာ တွေ့ ရှိရပါတယ်။ (ဓါတ်ပုံ ၁ - ၂ -၃ - ၄)။
အဘဦးဝင်းတင်တို့ ရောက်ရှိလာကြပြီး ရှိနေစဉ် ဖြစ်ပါတယ်။ (ဓါတ်ပုံ - ၅)။
အင်းစိန်မြို့ နယ် ကြံ့ဖွံ့ အတွင်းရေးမှူး စီးတဲ့ကား ရပ်ထားတာကို တွေ့ မြင်ရပါတယ်။ ရှေ့ ဘက်မှာ နအဖလုံခြုံရေးတွေ တားဆီးပိတ်ဆို့ ထားတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီအပြင်မှာလည်း အရပ်ဝတ် ထောက်လှမ်းရေးတွေလည်း ကားနားမှာ မလှမ်းမကမ်းမှာ ရပ်နေတာ တွေ့ ရပါတယ်။ (ဓါတ်ပုံ - ၆ - ၇)။
အင်းစိန် ပေါက်တောဝကနေ အင်းစိန်ဈေးကြီးတစ်လျှောက် လမ်းပေါ်မှာ အသွားအပြန် ဟန်ရေးပြ ခြိမ်းခြောက်ပြီး မောင်းပြနေတဲ့ နအဖဘက်တော်သာတွေရဲ့  ကားကိုလည်း မြင်နေရပါတယ်။ ဓါတ်ပုံ - ၈)။
သမ၀ါယမဆိုင်ဘက်မှာလည်း ပြည်သူတွေနဲ့ အတူ လူငယ်များ ကျောင်းသူကျောင်းသားများပါ ရှိနေပါတယ်။ ထို့ အတူ နအဖရဲ့ အရပ်ဝတ်ထောက်လှမ်းရေးအနည်းငယ်လည်း ရောဝင်နေပေမယ့် သိသာပါတယ်။ (ဓါတ်ပုံ - ၉)။
အဘဦးဝင်းတင်တို့ လည်း ရှိနေကြတာ ခမ်လှမ်းလှမ်းက တွေ့ ရတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ - ၁၀)။
နအဖတို့ ရဲ့  ကျွန်လက်ပါးစေဖြစ်တဲ့ စွမ်းအားရှင်တစ်ယောက်ကို ဘာအမိန့် ပေးခိုင်းပြီး လုပ်ခိုင်းလို့ လည်း မသိဘူး ကားလမ်းမ ဟိုဘက်ခြမ်းကနေ ဒီဘက်ခြမ်းကို ကူးထာတာ တွေ့ ရတာပါ။ (ဓါတ်ပုံ - ၁၁ - ၁၂)။
နအဖလက်ပါးစေ ကြံ့ ဖွတ်တွေ လုံထိန်းတွေ ဘယ်လိုဘဲ ဟန့် တားပေမယ့် တားဆီးပိတ်ပင်ပေမယ့် ပြည်သူတွေကတော့ တဖြေးဖြေးနဲ့  ပိုများသထက် များလာပါတယ်။ နေရာအနှံ့ ကနေ အင်းစိန်ထောင်ဘက်ရှိရာကို လာနေကြတာ တွေ့ ရပါတယ်။ (ဓါတ်ပုံ - ၁၃)။
(ယနေ့  အင်းစိန်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖမှ မတရားအမှုဆင် တရားစွဲဆို စွပ်စွဲမှုအား ကန့် ကွက်ခဲ့ကြပြီး၊ ယခုကဲ့သို့  ဓါတ်ပုံများ ပေးပို့ လာတဲ့ “လူထုအတွက် စတေးခံ မြေသြဇာအဖွဲ့ ဝင်များအား” အထူးကျေးဇူးတင်ရှိပါတယ်)။
No comments:
Post a Comment