နအဖရန်သူ၏ လှုပ်ရှားမှုများကို သက်သေမှတ်တမ်းများနဲ့  သတင်းရယူပြီး ပြည်သူအား အသိပေးကြပါ။
ရွှေဂုံတိုင် မီးပွိုင့် နဲ့ နီးတဲ့ NLD တိုင်းရုံးရဲ့ အနီးဆုံးမှာ နအဖလက်ပါးစေတွေရဲ့  ကားအချို့ ရပ်ထားပါတယ်။ လင့်လမ်းမှတ်တိုင်အနားက မူလတန်းကျောင်းထဲမှာလည်း (၁၀၅) ယာဉ်လိုင်းကား ဟာ ကြံဖွတ်ကား ဖြစ်ပါတယ်။ သတိထားရအောင်ပါ။ အင်းစိန်မှာ လုံခြုံရေး အယောင်ပြသာ ချထားပြီး ကျိုက္ကဆံကွင်းမှာ နအဖက လုံခြုံရေးတပ်တွေ ပိုမိုနေရာယူထားပါတယ်။ မြို့တော်ခန်းမမှာလည်း ရှိနေပါတယ်။ မြို့တော်ခန်းမရှေ့ ရှိ အလယ်သစ်ပင်ရှိ မထသယာဉ်လိုင်းထိန်း ထိုင်ခုံနားက လူတစ်စုဟာ အယောင်ဆောင်နေကြတဲ့ ကြံ့ ဖွတ်တွေ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့  တစ်ကိုယ်တော် ဆန္ဒပြခြင်းထက် အစုလိုက် လှုပ်ရှားပါ။ ပြည်သူ့အင်အားနဲ့  ရိုင်းစိုင်းယုတ်မာသူ နအဖလက်ပါးစေများကို တုန့် ပြန်ပါ။ (သတင်းပေးပို့ လာတဲ့ ပြည်သူတစ်ဦးအား ကျေးဇူးတင်ရှိပါတယ်)။
No comments:
Post a Comment