နအဖအာဏာရှင် လက်ပါးစေ သစ္စာဖောက်တို့  သွားရာလမ်း။
(၂၄/၀၅/၂၀၀၉ ) ရက်နေ့  (၂၂း၀၀) နာရီတွင် သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့တဖွဲ့မှ နအဖစစ် ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ရာ ယာဉ်ပေါ်လိုက်ပါသည့် လူသူလက်နက်များ အားလုံးဆုံးရှုံးသွားကြောင်း သိရှိရပါသည်။
ထိုယာဉ်ပေါ်ပါရှိသူများထဲတွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခွဲထွက် လက်နက်ချအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် နအဖ စစ်ထောက်လှမ်းရေး နှစ်ယောက်အပြင် ယာဉ်တန်းတွင်လိုက်ပါသည့် နအဖဘက်တော်သား စစ်သားများ၊ လက်နက်ချအဖွဲ့များ အားလုံး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ယာဉ်ပေါ်ပါရှိသူ စုစုပေါင်းမှာ (၁၅) ယောက်ဖြစ်ပြီး သျှမ်းပြည်တပ်မတော်ဘက်မှ တစုံတရာ ဆုံးရှုံးမှု မရှိကြောင်း သိရှိရပါသည်။
အဆိုပါ ဗိုလ်မှူးကြီးမိုင်းဇင့်သည် ၂၀၀၆ နှစ်လည်ပိုင်းတွင် သျှမ်းပြည်တပ်မတော်မှ ခွဲထွက်ပြီး လူအင်အားရာကျော်နှင့် နအဖထံ လက်နက်ချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်းနှင့် လက်ချပြီးနောက်ပိုင်း နအဖက ဗိုလ်မှူးကြီး မိုင်းဇင့်အဖွဲ့အား ပြည့်သူ့စစ်သဏ္ဍာန်ဖြင့် ထားရှိ၍ လက်နက်ပြန်ကိုင်ခွင့်ပေးပြီး လိုသလို အသုံးချနေသည့်အဖွဲ့ အဖွဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment