Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲအား မလေးရှားနိုင်ငံတွင် ကျင်းပ။

၁၅.၅.၀၉ နေ့ နံနက် ၉း၄၅ နာရီတွင် မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ NLD(LA)MALAYSIA ဌာနမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။

ဆန္ဒပြပွဲသို့ NLD အဖွဲ့ဝင် (၁၀၀) ပါဝင် ဆန္ဒပြကြပြီး ရှေးဦး စွာ ဥက္ကဌ ကိုကျော်ကျော်မှ ဒေါ်အောင်ဆန်းစုကြည် ခြံတွင်း နိုင်ငံခြားသားဝင်ရောက်သည့်ကိစ္စမှာ အဖမ်းအဆီးခံထားရသည့် ဒေါ် အောင်ဆန်းစုကြည်နှင့်မဆိုင်ပဲ လုံခြုံရေးတင်းကြပ်စွာ ထိမ်းသိမ်းထားသည့် စစ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ထိမ်းသိမ်းခံ သက် တမ်းပြည့်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လည်လွတ်ပေးရန် ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ကြေငြာ ၍ မတရားအမှုဆင်ဖမ်းဆီးခံထားရသော အင်းစိန်ထောင်တွင်းမှ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွတ်ပေးရန် အပြင်းအထန် တောင်းဆိုခဲ့ကြသည်။

မြန်မာသံရုံးတခါးရှေ့မရောက်ခင် မလေးရှားအာဏာပိုင်ရဲများက ပိတ်ပင်ထားသော်လည်း ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ရေးနှင့် မြန်မာပြည် ဒီမိုကရေစီအရေးအတွက် တောင်းဆိုသံများဟစ်ကြွေး ဆန္ဒပြနိုင်ခဲ့ကြသည်။ NLD(LA)MALAYSIA အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးကို လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓါတ်ဖြင့် ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရှေ့ဆက်ဖြစ်ပေါ်လာမည့် တိုင်းပြည်၏ အရေးအခင်းအားလုံးသည် စစ်အစိုးရ၏ တာဝန်ဝသာဖြစ် ကြောင်း နအဖ အနေဖြင့် ပြည်သူများနှင့် နိုင်ငံတကာခေါင်းဆောင်များ၏ သဘောထားများကို ဂရုမစိုက်ပဲ ထင်ရာစိုင်းဆောင်ရွက်မည် ဆိုပါက မတရားမှုနှင့်တူညီသော အကျိုးကို ထပ်တူထပ်မျှခံစားရမည်ဖြစ်ကြောင်း ပြင်းထန်စွာ အသိပေးကြေငြာ၍ ဆန္ဒပြပွဲအား နံနက် ၁၀း၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

No comments: