ပြည်သူတွေ လှုပ်ရှားနိုင်ဖို့ အတွက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကလည်း နအဖကို တိုက်နေကြပြီ။ ဒီအချိန်ဟာ နေရာတိုင်းက တိုက်ပွဲဝင်ကြဖို့ ဘဲ။
ဓနုအမျိုးသားကောင်စီရဲ့  စီမံမှုနဲ့  ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့ဟာ ယနေ့  နံနက် (၄း၃၀) နာရီခန့်က မိုင်းဆတ်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခဲ့တဲ့ နအဖ (တြိဂံဒေသတိုင်း စစ်ဌာနချုပ် ) မှ စစ်ယာဉ်တန်း ၃ စီးအား တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် နအဖဘက်မှ အားလုံးသေဆုံးပြီး လက်နက်များအား သိမ်းဆည်း ရမိကြောင်း သိရပါတယ်။ ယမန်နေ့ ကလည်း သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့မှ နအဖထံ သစ္စာဖောက်ခဲ့သည့် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် နအဖ စစ်ထောက်လှမ်းရေး နှစ်ယောက်ပါ ယာဉ်တန်းအား တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။ ထို့ အတူ မကြာခင်သေးကလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတစ်ဖြစ်တဲ့ KNLA ကလည်း နအဖ ဒု-ဗိုလ်မှူးချူပ်ကောင်းမြတ်ကို ချေမှုန်းသုတ်သင်ခဲ့ပါတယ်။
ယနေ့ မနက်က - တော်လှန်ရေးအင်အားစုဖြစ်တဲ့ ဓနုအမျိုးသားကောင်စီကနေ နအဖကို ချေမှုန်းသုတ်သင်ရာမှာ နအဖလက်ပါးစေစစ်တပ်မှ ဗိုလ်မှူးမင်းဇော် (ထောက်ပို့တပ် - တပ်ခွဲမှူး)၊ ဗိုလ်အဆင့် နှစ်ဦး၊ စရဖ သုံးဦးနဲ့  အခြားအောက်ခြေအဆင့်များ ကျဆုံးသွားကြောင်း သိရှိရပါတယ်။ အဆိုပါ နအဖဘက်တော်သားတွေဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကနေ မိုင်းဆတ်ဒေသကို ကာကွယ်ရေးပစ္စည်းတွေ သွားပို့တဲ့မော်တော်ယာဉ်တန်း ဖြစ်ကြောင်း သိရှိရပါတယ်။
နအဖအား တိုက်ခိုက်ချေမှုန်းခဲ့တဲ့ ဓနုအမျိုးသားကောင်စီရဲ့  စီမံမှုနဲ့ အတူ ပါဝင်ခဲ့တဲ့ အင်အားစုတွေကတော့ မြန်မာ့မျိုးချစ်တပ်မတော် (Myanma Patriot Army)၊ ဓနုပြည်သူ့စစ် (Danu Public Army)၊ အခါလွတ်မြောက်ရေးတပ်မတော် (Akha Liberty Army)၊ အခါပြည်သူ့စစ် (Akha Public Army)၊ မိုင်းသာပြည်သူ့စစ် (Maingtha Public Army)၊ လားဟူပြည်သူ့စစ် (Lahu Public Army)၊ ပအိုဝ်းပြည်သူ့စစ် (Pa-oh Public Army)၊ မောရှမ်းပြည်သူ့စစ် (Maw Shan Public Army) နဲ့  ခန္တီးပြည်သူ့စစ် (Khamti Public Army) တို့  ဖြစ်ကြပါတယ်။
အဆိုပါ ပူးပေါင်းအဖွဲ့ဟာ မြန်မာပြည်အတွင်းတွင်လည်း မိဘပြည်သူများဘက်မှ ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းနဲ့  မြန်မာပြည်သူလူထုမှလည်း နအဖအာဏာရှင်ကို ယနေ့ ကစပြီး ရသည့်နည်းလမ်းပေါင်းစုံနဲ့  အတူတကွ ဟန်ချက်ညီညီ တော်လှန်ရေး စတင်ဆင်နွဲကြဖို့  တိုက်တွန်းကြောင်း သိရှိရပါတယ်။ ယခုအချိန်ဟာ ပြည်သူများမှ အားလုံးကိုယ်စီ နေရာအနှံ့  ရဲဝန့် စွာ လှုပ်ရှားမှု ပြုကြရန် ပန်ကြားနှိုးဆော်လိုက်ကြောင်း သိရပါတယ်။
ဓနုအမျိုးသားကောင်စီက ယခုလို နအဖလက်ပါးစေတပ်တွေကို ချေမှုန်းသုတ်သင်ရမှုနဲ့  မြန်မာပြည်တွင်းတွင် လှုပ်ရှားမှုများ အကောင်အထည်ဖေါ်ဆောင်ရွက်ရခြင်းမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့  ခေါင်းဆောင်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူလူထုကနေ တရားဝင်ရွေးချယ်တင်မြောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ မတရားအမှုဆင်ကာ စော်ကားနေမှုအပေါ် ကန့် ကွက်ခြင်းဖြစ်ကြောင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်အား ယခုချက်ချင်း မလွှတ်ပေးပါက ပြည်သူလူထုနှင့်အတူ လက်တွဲကာ နအဖအား ပြင်းထန်စွာ ဆက်လက်တိုက်ပွဲ ၀င်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
No comments:
Post a Comment