မြောက်ဥက္ကလာနဲ့ ဒေါပုံမှ နာရေးအစီအစဉ်သစ်များ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်. ၀မ်းရောဂါဖြစ်ပွားစတင်ရာ ဒေသများဖြစ်ကြသည့် ဒေါပုံမြို.နယ်နှင့် မြောက်ဥက္ကလာပမြိုနယ်များတွင် မုန့် ဟင်းခါးအသုတ်စုံနှင့်တကွ ၀မ်းရောဂါဖြစ်ပွားစေနိင်သည်ဟု ယူဆသက်မှတ်သော အစားအစာများအား ရောင်းချစားသောက်ခွင့်များ ပိတ်ပင်ကန်.သတ်ထားသဖြင့်၊ ယခုကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် သေဆုံးရသော နာရေးမိသားစုများသည် ရက်လည်နေ့ များတွင် ကျွေးစရာအစားအစာရှားပါး၍ မည်သို့ စီစဉ်ရမည်မသိကာ တက်နိင်သူများမှ ထမင်းကျွေး၍ မတက်နိင်သူများမှ ကြာဇံဟင်းခါးတိုက်သော နာရေးဆန်းသစ်မှုများအား ဒေါပုံမြို.မှ နာရေးမိသားစုများနှင့် မြောက်ဥက္ကလာပမြို.နယ်များမှ နာရေးမိသားစုများမှ စတင်ကြုံတွေ့ လုပ်ဆောင်နေရကြောင်း နီးစပ်သတင်းရပ်ကွက်မှ သိရှိရပါသည်။
(သတင်းပေးပို့ သူ - ဇွဲမာန်)။
No comments:
Post a Comment