Sunday, May 10, 2009

ဘာမှ မဟုတ်သော လူ ။

ဘ၀က ကြမ်းလို့ အလွမ်းလမ်းလေးကို
ဝင်ရောက်နိုင်ဖို့  ငါကိုယ်တိုင် လမ်းဖောက်ခဲ့ မိတယ်
ရူးလောက်အောင် ချစ်ခဲ့ မိသူကို
ကြီးကျယ်ခမ်းနားတဲ့  စကားလုံးတွေနဲ့ 
သန်းခေါင်းယံအချိန်ထိ အိပ်လို့ မရအောင်
ရွှေရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတစ်စုံနဲ့ 
စာနာမှု ကင်းမဲ့ စွာ
မတန်ရာ မမှန်းနဲ့ ဆိုတော့
တတ်ရောက်ခဲ့ တယ့် ကြေကွဲသူတို့ ငိုပွဲကို(တကယ်သာ)
ဘဲမတီးပဲ မင်းအကြည့် တွေကငါ့နှလုံးသားကိုဝင်တိုက်ခဲ့ တာပါ
မင်း ရက်စက်ပါ??????????
လုပ်ရက်လိုက်တာ ချစ်သူ (မင်းရက်စက်တော့)
နေမရှိတဲ့ နေ့ ရက်တွေလို ငါဘ၀က မှောင်မိုက်ပြီး
တာဝန်တစ်ခု ကျရောက်ခဲ့ တယ်
အပြုံးမလှခဲ့ တဲ့  ငါဘ၀ကို
နှစ်ခြမ်းကွဲအသည်းလို့  နာမည်ပေးပြီ
(၂၀) ရာစုရဲ့ အချစ်ဒဏ္ဍရီမှာ အသည်းကွဲကဗျာတစ်ပုဒ်
ရှိလာခဲ့ ဖို့ ငါမျက်ရည်တွေနဲ့ အတူ
ပြီးဆုံးအောင် ငါဆက်ရေးနေပါ့မယ် ချစ်သူရယ်။
























ကဗျာလေးထဲမှာ ဖြစ်ရပ်မှန်လေး တစ်ခုပါတယ်။

သေချာဖတ်ကြည့် နော် ။ သေချာဖတ်ကြည့် ။

“ဘာမှ မဟုတ်သော လူ” ဘယ်သူလည်းဆိုတာ။

(သိချင်ရင်တော့ ကဗျာစာတန်းတစ်ကြောင်းချင်းစီရဲ့  စာလုံးအစလေးတွေကိုသာ ဖတ်ကြည့်ပါ)။

(ရေးသားသီကုံးသူ ကဗျာရှင် - ညိုထွန်း)။

No comments: