မြန်မာပြည်က ဒုတိယမြောက် မုန်တိုင်း။
ကျွန်တော်တို့ တိုင်းပြည်မှာ မုန်တိုင်းဆိုတာ ဘာလဲ မေးရခဲ့တဲ့ သမိုင်းတလျှောက် ဖောက်လွဲဖောက်ပြန် မင်းဆိုးစရိုက်တွေကြောင့် လူပေါင်းများစွာရဲ့ ဘ၀တွေ အသက်တွေကို ချွေယူဖို့  နာဂစ်ဆိုတဲ့အမည်နဲ့  မုန်တိုင်းကြီးဟာ ပထမဆုံး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို ဗဟိုထားပြီး (၂) ရက်နေ့  မေလ (၂၀၀၈) ခုနှစ်မှာ ၀င်ရောက်ခဲ့ပါတော့တယ်။
မြွေမဆိုတဲ့ အမည်နာမနဲ့ လိုက်အောင် နာဂစ်တို့ မွှေခဲ့ပုံကတော့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ဘ၀ပေါင်းများစွာ ဖြေမဆည်နိင်တဲ့ မျက်ရည်တွေနဲ့ တစ်ညဆိုတဲ့ အချိန်လေးမှာဘဲ လူပေါင်းနှစ်သိန်းကျော် သေခဲ့ရပြီး၊ ဘ၀ပေါင်းများစွာ အနာဂါတ် ပျောက်ခဲ့ရတယ်။ ခုချိန်ထိ ဒဏ်ရာတွေ အကင်းမသေပဲ တမြေ့မြေ့ ကျွမ်းလောင်ဆဲပါ။
အဲဒါက မြန်မာပြည်ရဲ့ သမိုင်းမှာ အရိုင်းဆုံးလို့  သတ်မှတ်ခံခဲ့ရတဲ့ သဘာဝဘေးဆိုး ပထမမုန်တိုင်းပါ။
အဲဒီလို အဖြစ်ဆိုးကြီးကို ခါးသီးစွာ ခံခဲ့ရတာ အနာတွေ မကျက်သေးခင်မှာဘဲ ဒုတိယမြောက်မုန်တိုင်းတစ်ခု မြန်မာပြည်ကို အကွက်ကျကျ လုပ်ကြံမှုတွေနဲ့  ယုတ်မာတဲ့ စစ်အာဏာရူးတွေရဲ့  အရူးအိမ်မက်တွေကြောင့် ထပ်မံ ၀င်ရောက်လာပြန်တယ်။ ဒီတစ်ခါဝင်လာတဲ့ မုန်တိုင်းကတော့ ဧရာဝတီနဲ့ ရန်ကုန်တင်မကဘဲ မြန်မာပြည်တ၀န်းနဲ့ ကမ္ဘာကိုပါ လွှမ်းခဲ့ရတော့တယ်။
နာဂစ်တစ်နှစ်ပြည့်ပြီး နောက်တစ်ရက် (၃)ရက် မေလ (၂၀၀၉) ခုနှစ်မှာ ဂျွန်ဝီလီယန်ရက်တောဆိုတဲ့ အမေရိကန်လူမျိုးတစ်ဦး အင်းယားကန်က ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းထဲ ခိုးဝင်ခဲ့မှုဖြစ်ကာ (၅)ရက်နေ့  ပြန်ထွက်လို့ (၆)ရက်နေ့  မနက်မှာ လုံခြုံရေးအစောင့်တွေက တွေ့ ရှိမသကာင်္ရာကစ ဒီလိုခိုးဝင်မှုကို ၀ီလီယန်ရက်တောက ဖော်ခဲ့လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိင်ငံတော်၏ ဘေးအန္တရာယ်မှ ကာကွယ်ရေးဥပဒေပုဒ်မ (၂၂) အရ ဆိုပြီး၊ အင်းစိန်အကျဉ်းထောင်ကို ပို့ ခဲ့ရာကာစပြီး ဒုတိယမုန်တိုင်းဟာ မြန်မာပြည်အနှံ့ သာမက ကမ္ဘာမှာပါ ရိုက်ခက်ခဲ့ရပါပြီ။
ဒီမုန်တိုင်းက ဘယ်လောက်ကြာမှာလဲ? ဘာတွေဖြစ်လာမှာလဲ? လူတွေနဲ့ ဘ၀တွေ ဘယ်လောက်ထိခိုက်နိင်မှာလဲ? အသက်အိုးအိမ်တွေရော ဘယ်လောက်ဆုံးရုံးနိင်လဲ? မြန်မာပြည်ဆိုတာပါ ပျောက်သွားမှာလား?
ပုဒ်စာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ ဒီတခါဖြစ်လာတဲ့ မုန်တိုင်းကတော့ နအဖရဲ့  (၂၀၁၀) အရူးအိမ်မက်ဖြောင့်ဖြောင့်မက်ဖို့  အရေးမျှော်တွေးပြီး ကလိန်ကြတဲ့ဇာတ်က တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီမို့  မြန်မာပြည်သားတွေအားလုံးအနေနဲ့  အမှန်တရားဆိုတဲ့ဘက်ကို ရဲရဲရပ်ရုံနဲ့  မုန်တိုင်းဇာတ်က အဆုံးသတ်သွားရတော့မှာပါ။
အဲဒီလိုမှ မဟုတ်ဘဲ မုန်တိုင်းကြမ်းတွေ နအဖအနေနဲ့  ကိုယ်တိုင်ဖန်တီးခဲ့အုန်းမယ်ဆိုရင်တော့ မုန်းတိုင်းဒဏ်ကို ခါးသီးစွာ ခံနေရတဲ့ ပြည်သူတွေရဲ့  ငရဲကလာသူတွေ ပြာပူမကြောက်တော့တာကို မျက်ဝါးထင်ထင်တွေ မြင်သွားရပါလိမ့်မယ်။
ဒုတိယမြောက်မုန်တိုင်း အဆုံးသတ် ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ စာဖတ်သူတို့  ကိုယ်တိုင်ပါဝင်ရတော့မှာမို့  ဆက်၍သာ တွေးကြည့်ကြပါကုန်တော့။ ဆောင်ရွက်ကြပါတော့။
(ရေးသားသူ - ဇွဲမာန်၊ ၂၂ ရက် မေလ ၂၀၀၉ ခုနှစ်)။
No comments:
Post a Comment