Thursday, May 7, 2009

မန္တလေး - မေလ (၆) ရက်နေ့  ညနေပိုင်းက တိုက်ခတ်ခဲ့သော လေနီကြမ်း မုန်တိုင်းငယ်ကြောင့် ပျက်စီးမှုများအား မျက်မြင်တွေ့ ရှိသူများ၏ ပြောကြားချက်များ။

စူပါမားကပ်တစ်ခုက မှန်တွေပြုတ်ကျပါတယ်။

လမ်း (၃၀) ဘူတာကြီးရှေ့က ဆိုင်းဘုတ်တစ်ခု လဲကျပါတယ်။

ရတနာပုံဈေးနားမှာ ကာထားတဲ့ သွပ်ပြားတွေ အကုန်လဲနေကျပါတယ်။

(၃၇) လမ်းနဲ့ (၇၈) လမ်းထောင့်က ကြော်ငြာဆိုင်းဘုတ်ကြီး လွှင့်ကျပါတယ်။

(၈၄) လမ်းပေါ်မှာ သစ်ပင်တွေ အများကြီး လဲနေပါတယ်။

(၈၄) လမ်း၊ (၃၃) လမ်းနဲ့ (၃၄) လမ်းကြားမှာ အနောက်ဘက်တန်းက အိမ်တွေကနေ သွပ်ပြားတွေလွှင့်တာ လမ်းအရှေ့ဘက်တန်းက အိမ်တွေရှေ့ထိကို ရောက်နေပါတယ်။

(၇၈) လမ်း တစ်လျှောက်၊ သိပ္ပံလမ်းတစ်လျှောက် ဆိုင်းဘုတ်တွေရော၊ ဓါတ်တိုင်တွေရော အများကြီး လဲကျနေပါတယ်။

လမ်း (၈၀) နဲ့ (၃၅) လမ်းထောင့်က အချိုရည် ကြော်ငြာဘုတ်တစ်ခု လဲကျနေပါတယ်။ ကားတစ်စီးရဲ့ အနောက်ပိုင်းလည်း အဲဒီလဲကျတဲ့ဘုတ်နဲ့ ထိပြီး ပျက်စီးမှု ရှိပါတယ်။

အင်ဂျင်ဝိုင်ကြော်ငြာဘုတ်တစ်ခုလည်း ထောင့်တွေ တွန့်ကုန်ပါတယ်။ (၃၅) လမ်း မီးရထား ဂုံးကျော်ပေါ်က ဘုတ်အသေးလေးတွေလည်း လဲကျပျက်စီးပါတယ်။

မြို့တော်ခန်းမဘေး သစ်ပင်တွေက သစ်ကိုင်းတွေ ပြုတ်ကျပါတယ်။

No comments: