Wednesday, May 20, 2009

လုံခြုံရေးအတွက် သတိပေးချက်များ။

သတိပေးချက် (၁)။

ဓါတ်ပုံမှတ်တမ်းများဖေါ်ပြရာမှာလည်း အမှန်တကယ်လှုပ်ရှားသူ နိုင်ငံရေးသမားများကို ကာကွယ်ပေးနိုင်မယ့်ပုံမျိုး တင်စေလိုပါတယ်။

ဓါတ်ပုံမှတ်တမ်းကြောင့် ထောင်ထဲရောက်သွားတဲ့ ခေါင်းဆောင်တွေ လှုပ်ရှားကြသူတွေ အများကြီးရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်အချို့ လက်ကျန်ခေါင်းဆောင်အချို့ပုံကို သတိထားဖေါ်ပြစေလိုပါတယ်။ ဓါတ်ပုံကို အနည်းငယ် ၀ါးလိုက်တာမျိုး၊ မျက်နှာ အနည်းငယ် မမြင်အောင်လုပ်တာမျိုးလုပ်ပြီးမှ တင်စေလိုပါတယ်။

နောက်ကျောမှပုံ၊ ဘေးမှ ရိုက်ထားတဲ့ပုံမျိုးဆိုရင် ပို အဆင်ပြေမယ်ထင်ပါတယ်။ ပုံတွေက တင်ပြီးတာနဲ့ စစ်ထောက်လှမ်းရေးရဲ့လက်ထဲ ထည့်လိုက်သလိုဖြစ်သွားရင် အားလုံးနောက်နေ့ထောင်ထဲ ရောက်သွားနိုင်ပါတယ်။

ဒါကြောင့်လူတွေက မသွားရဲသေးဘဲ အနောက်ကနေစောင့်ကြည့်နေကြတာပါ။ တကယ်ဖြစ်လာရင် အားလုံးသူ့အလိုလိုပါလာမှာပါ။ ရွှေဝါရောင်တော်လှန်ရေးကိုကြည့်ရင် ကျွှန်တော်တို့ မြန်မာတွေ ဘာကြောင့်ငြိမ်နေတာလဲဆိုတာရယ်။ တကယ်ဖြစ်ရင် အားလုံးဝင်ပါလာတယ်ဆိုတာ အားလုံးကိုယ်တွေ့ ဖြစ်ပါတယ်။

သတိပေးချက် (၂)။

အီးမေးလ်များ Reply ပြန်တဲ့ email ကို Proxy ကျော်ပြီး ပြန်စေချင်ပါတယ်။ Email ကနေ ပို့တဲ့ လူရဲ့ လိပ်စာ အနီးဆုံးကို email header ကနေတဆင့် သိနိုင်ပါတယ်။

သတိပေးချက် (၃)။

စစ်ထောက်လှမ်းရေးနဲ့ ပက်သက်တဲ့သူများက DoTs နည်းနဲ့ အများဆုံး တိုက်ခိုက်တဲ့အတွက် ကြို ပြင်ဆင်ထားစေချင်တယ်။ Data တွေ Backup ကြိုလုပ်ထားပြီး Web/Blog Site ခွဲ တစ်ခုကြိုလုပ်ထားရင်
ပိုအဆင်ပြေနိုင်ပါတယ်။

သတိပေးချက် (၄)။

ကိုယ့်ဖက်က လှုပ်ရှားမှုသတင်းကို သိုသိုသိပ်သိပ် လုပ်ကြပါ။ ဦးဆောင်နေသူတွေ လှုပ်ရှားနေသူတွေ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာတွေကို အင်တာဗျူးတွေမှာ ကြိုပြောနေတာဟာ နအဖကို ကြိုသတင်းပေး သလိုဖြစ်နေပါတယ်။ သတင်းဌာနတွေ အွန်လိုင်းတွေကနေ အသုံးချရာနေရာလိုဖြစ်နေပြီး နအဖကို တစ်ဘက်လှည့်နဲ့  အသိပေးနေသလို ဖြစ်နေပါတယ်။

သတင်းဌာနများ၊ အွန်လိုင်းပေါ်တွင် သတင်းရေးခြင်း ပြောခြင်းများကို ပညာသားပါပါ ဆောင်ရွက်ကြပါ။ နအဖဟာ ဒီဖက်က သတင်း လွှင့်တာတွေကို စုဆောင်းပြီး ကြိုတင် စီစဉ်မှုတွေ အကွက်ချနေပါတယ်။ သတင်းဖေါ်ပြလိုဇော သတင်းဦးလိုဇော သတင်းပါလိုဇောနဲ့  သတိမမူဘဲ မလုပ်ကြပါနဲ့ ။ ပြောချင်သလို အထိန်းသိမ်းမဲ့ မပြောကြပါနဲ့ ။ သတင်းကိုလည်း စီစစ်ပါ။ လာသမျှသတင်း အကုန်လုံးတင်တာ အကုန်လုံးဖေါ်ပြတာတွေ သတိထားကြပါ။ နအဖသဘောကျ သတင်းတွေ မဖြစ်ပါစေနဲ့ ။

မြန်မာပြည်အရေးဟာ သတင်းဖေါ်ပြနေရုံသက်သက် မီဒီယာအလုပ်မဟုတ်ပါဖူး။ မီဒီယာတွေမို့  ဘက်မလိုက်ဖူး သတင်းဖြစ်ရင်ပြီးရောဆိုပြီး မလုပ်ကြပါနဲ့ ။ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့  တိုက်ပွဲဝင်နေရဆဲ ဖြစ်လို့  မီဒီယာသမားတွေအနေနဲ့ လည်း တော်လှန်ရေးသမားလို စိတ်ထားပြီး တော်လှန်ရေးသတိရှိကြပါစေ။ မြန်မာပြည်ဟာ မလွတ်လပ်သေးပါဖူး။ လွတ်လပ်တဲ့နိုင်ငံတွေမှာ ရှိနေတဲ့ ကျင့်သုံးနေတဲ့ မီဒီယာကျင့်ထုံးတွေအတိုင်း ကျင့်သုံးလို့ မရပါဖူး။ မိမိရဲ့  မီဒီယာလုပ်ဆောင်မှုကြောင့် အာဏာရှင်ကို ဆန့် ကျင်နေတဲ့သူတွေ ဒုက္ခပြန်မရောက်ပါစေနဲ့ ။

တော်လှန်ရေးအသိ တော်လှန်ရေးသတိနဲ့  အထူးသတိထားကြပါ။

(ပြည်တွင်းမှ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရသူများထဲမှာ အချို့ မှ ပြောကြား သတိပေးလာတာ ဖြစ်ပါတယ်)။

No comments: