Wednesday, May 27, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ၏ အောင်ပွဲနေ့  (မေလ ၂၇ ရက်) ။
























ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် - ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် ။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD) ၏ အောင်ပွဲနေ့  (မေလ ၂၇ ရက်) ယနေ့ မှာ ပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ အကြွင်းမဲ့ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့  ပြည်သူများမှ အလေးအနက် တောင်းဆိုလိုက်ပါတယ်။

နအဖအနေဖြင့် မည်သို့ သော အကြောင်းပြချက်နှင့်မှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချူပ်ဖြင့် ပြန်လည်ထိန်းသိမ်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဆိုင်းငံ့ထိန်းသိမ်းထားခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ လွတ်လပ်စွာ သွားလာခွင့် ပြောဆိုခွင့် နေထိုင်ခွင့်အား ပိတ်ပင်ကန့် သတ်ခြင်း၊ ချုပ်ချယ်တားမြစ်ခြင်းတို့ ကို လုံးဝ မပြုလုပ်ရန်နှင့် ထိုသို့ သော လုပ်ဆောင်မှုမှန်သမျှကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့  မေလ (၂၇) ရက်နေ့ ၊ ၂၀၀၉ ခုနှစ် တွင် နအဖမှ အကြွင်းမဲ့ ချက်ချင်း လွှတ်ပေးခြင်း တစ်ခုတည်းကိုသာ ပြည်သူတစ်ရပ်လုံးအနေဖြင့် လက်ခံမည် ဖြစ်သည်။

နအဖအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းပြချက် အမျိုးမျိုးဖြင့် အကျယ်ချူပ်ဖြစ်စေ ထောင်သွင်းအကျဉ်းချ၍ ဖြစ်စေ ထိန်းသိမ်းချူပ်နှောင်မှုအား ဆက်လက်ပြုလုပ်ပါက ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ပြတ်သားစွာ သတိပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် - ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ် ။

ဖိုင် ဒေါင်းလုပ် လုပ်ရန် - http://sharebee.com/2e154358

The-Brief-History-Of-National-League-for-Democracy

No comments: