Tuesday, June 2, 2009

နအဖနဲ့ ပေါင်းသူတွေ၊ နအဖလက်အောက်မှာနေသူတွေ သင်ခန်းစာ ယူဖို့ ။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တုန်းက မိုးလေ၀သသတင်းကို ပေါ့ပေါ့ဆဆဖေါ်ပြခဲ့လို့  ပြည်သူမြောက်များစွာ သေကြေပျက်စီးကြပြီး ရှင်ကျန်ရစ်သူတွေလည်း ဘ၀ပျက်ကြရတဲ့အထိ ဖြစ်ပွားခဲ့ပေမယ့်၊ နအဖက မျက်မာန်တော် မရှတဲ့အပြင်၊ နာဂစ်မုန်တိုင်းကို အကြောင်းပြုပြီး နိုင်ငံခြားငွေ ဒေါ်လာပေါင်းများစွာ ရခဲ့တာကြောင့် ၀မ်းသာအားရပြီး သူကောင်းပြုခဲ့လို့  ဦးထွန်းလွင်ဟာ ချက်ချင်လက်ငင်း ဂုဏ်ထူးဆောင် ပါရဂူ ဒေါက်တာဘွဲ့  ရရှိခဲ့ကာ အရှင် (သခင်) မွေးတော့ နေ့ ချင်းညချင်းဆိုသလို ဒေါက်တာ ဦးထွန်းလွင် ဖြစ်ခဲ့ရပါတယ်။

သို့ သော်လည်း မြန်မာစကားအဆိုဖြစ်တဲ့ “နေ့ မြင် ညပျောက်” ဆိုတဲ့ စကားအတိုင်း တည်မြဲခြင်းဆိုတာ ချက်ချင်းပြောင်းလဲတတ်တယ်ဆိုသကဲ့သို့ ၊ ဗုဒ္ဓဘာသာတရားအရရော “အနိစ္စ အနတ္တ” မတည်မြဲမှုကို အစိုးမရဆိုတဲ့အတိုင်း ဖြစ်ပြီးရင် ပျက်ရမယ်ဆိုတဲ့ လောကတရားအရ ဒေါက်တာဦးထွန်းလွင်တစ်ယောက် တစ်နှစ်တောင် မခံပါဖူး။ ဒေါက်တာ ဦးထွန်းလွင် တစ်ယောက် ရန်သူမျိုး ငါးပါးထဲက တစ်ပါးဖြစ်တဲ့ “မင်း”ဆိုတဲ့ ရန်သူကြောင့် အပေါင်းမတတ်လို့  ဒုက္ခရောက်ရပါပြီ။

မင်းဆိုးမင်းညစ် တစ်မျိုးပြောရရင် ပြည်သူ့ အာဏာကို မတရားရယူထားတဲ့ လူသတ်သမားတွေဖြစ်ကြတဲ့ နအဖ သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ညှာတာထောက်ထားမှုမရှိတဲ့ စိတ်ယုတ်မာကြောင့် သူတို့  သူကောင်းပြုထားတဲ့ ဒေါက်တာဘွဲ့ ကိုတောင် အလေးမထားဘဲ အခုတော့ ဦးထွန်းလွင်ကို မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးမှုးဦးစီးဋ္ဌာန ဦးဆောင်ညွှန်ကြားရေးမှုး ရာထူးတာဝန်ကနေ ဖယ်ရှားလိုက်ပါပြီ။ ဖယ်ရှားခံရတဲ့အကြောင်းရင်းကို အကြောင်းပြကောင်းအောင်တော့ လုပ်နေကြ ထုံးစံအတိုင်း မသိမသာလေးနဲ့  တာဝန်ကနေ နှုတ်ထွက်စာ တင်ခိုင်းလိုက်တာဘဲ ဖြစ်ပါတယ်။

ကျန်းမာရေးကို အကြောင်းပြပြီး နှုတ်ထွက်ခိုင်းခံရတဲ့ ဦးထွန်းလွင်ကို ကျန်ခဲ့တဲ့ မေလက နေပြည်တော်ဒေသပတ်ဝန်းကျင်မှာ လေပြင်းတိုက်ခတ်မှုကြောင့်၊ နဂိုကမှ နာဂစ်မုန်တိုင်းကြောင့် ပြန်ခံရမှာ အကြောက်ကြီး ကြောက်နေကြတဲ့ နအဖသန်းရွှေအနေနဲ့  သေခါနီးဆဲဆဲ ဘ၀အကူးအပြောင်း မကောင်းမှာ စိုးထိတ်ပြီး ဒီလေပြင်းတိုက်နိုင်တာကို ကြိုတင်သတိမပေးရကောင်းလားဆိုပြီး မျက်မာန်တော်ရှရာကနေ ဖြစ်သွားတဲ့ကိစ္စပါဘဲ။

ဆိုလိုရင်းကို ပြန်ကောက်ရရင်တော့ “အရှင် (သခင်) မွေးတော့ နေ့ ချင်းညချင်း” ဆိုတဲ့စကားရယ်၊ “နေ့ မြင်ညပျောက်” ဆိုတဲ့ စကားတွေကို လက်တွေ့ ဘ၀မှာဘဲ ကြုံကြရတဲ့ ဦးထွန်းလွင်တင်မက အာဏာရှင်လက်ထက်တိုင်းမှာ ဝေးလွင့်ပျောက်ကွယ်သွားတဲ့ ခင်ညွှန့် ကအစ ဗိုလ်ချူပ်ပေါင်းများစွာ ၀န်ကြီးပေါင်းများစွာ ရှိခဲ့ကြပါတယ်။ ရာထူးတာဝန်ကနေ ရပ်ဆိုင်းခြင်း (သို့ ) ရာထူးတာဝန်ကနေ အနားယူစေခြင်း အငြိမ်းစားပေးခြင်းဆိုတဲ့ စကားလုံးလှလှလေးနဲ့  ဘ၀တွေ နိမ့် ကျပြောင်းလဲကုန်တာကို လက်ရှိ ရာထူးတာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေနဲ့  ဌာနဆိုင်ရာ အကြီးအကဲ အရာရှိဝန်ထမ်းတွေအားလုံး နားလည်သဘောပေါက်သင့်ပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့ အစိုးရ၊ စစ်မှန်တဲ့ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံ၊ တရားမျှတတဲ့ ဥပဒေရေးရာတွေ မရှိသရွေ့  နအဖလို လိုရင်တစ်မျိုး မလိုရင်တစ်မျိုး လုပ်တတ်တဲ့သူတွေ လက်အောက်မှာ နေနေကြရတဲ့ သူအားလုံးဟာ အသက်ကို ဖက်နဲ့  ထုတ်ထားရရုံတင်မကဖူး မိမိတို့ ရဲ့  ရာထူးတာဝန်ဟာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ သိထားကြဖို့ ပါဘဲ။

အခုလို ရာထူးတာဝန်ကနေ ချက်ချင်းဆိုသလို ဖယ်ရှားသုတ်သင်ခံရတဲ့သူတွေကို သင်ခန်းစာယူုပြီး လုံခြုံစိတ်ချရတဲ့ ဘ၀ဖူလုံမှုကို ခိုင်ခိုင်မာမာ ရချင်တယ်ဆိုရင်တော့ ပြည်သူ့ အစိုးရ ပေါ်ထွက်အောင် ကြိုးစားကြဖို့  လမ်းတစ်ခုသာရှိပါကြောင်းနဲ့  ပြည်သူ့ အစိုးရလက်ထက်မှာ ပြည်သူ့ ဝန်ထမ်းအဖြစ်နဲ့  ရပ်တည်လုပ်ဆောင်မှသာလျှင် နေ့ မြင်ညပျောက် ဘ၀တွေကနေ စိုးရိမ်မှုကြောင့်ကြကင်းစွာနဲ့  စိတ်ချမ်းချမ်းသာသာ နေထိုင်နိုင်မှာ ဖြစ်ပါကြောင်း။

No comments: