အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲအား မလေးရှားနိုင်ငံတွင် ပြုလုပ်။
ယနေ့  မနက် (၁၀) နာရီခန့်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ နအဖသံရုံးရှေ့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့  ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား မှ “မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြ” ရေးထိုးထားသည့် တီရှပ်အနီအရောင်များကို ၀တ်ဆင်ကာ လူအင်အား ၇၀ ခန့်မှ မတရားအမှုဆင်ဖမ်းဆီးခြင်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဒုဥက္ကဌ ဦးတင်ဦးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရေးအတွက် ကြွေးကြော်တောင်းဆိုပြီး NLD(LA)MALAYSIA ၏ အထူးကြေငြာချက်ကို ဖတ်ကြားကာ တောင်းဆိုဆန္ဒပြပွဲ အား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


No comments:
Post a Comment