တာဝန်သိ ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များ အားလုံးသို့  ဖိတ်ခေါ်ခြင်း။
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ နှင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ ခြင်းအား ၂၀၀၉ ခုနှစ် ဇွန်လ ( ၅ ) ရက်နေ့  တွင် မြန်မာပြည်တွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များ အားလုံးအား ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ အာဏာရှင်စနစ်လက်အောက်မှ အမျိုးသားတစ်ရပ်လုံးလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပါဝင်ဆောင်ရွက်ကြပါရန် ဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ်။
Welcome Letter
No comments:
Post a Comment