Monday, July 20, 2009

(၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစှအဖွဲ့ ချူပ်မှ ကျင်းပ။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ကျင်းပသော ( ၆၂ ) မြောက်အာဇာနည်နေ့  အခန်းအနား ကို ယနေ့  ကျင်းပရာ နံက် ၅း ၃၀ တွင် သံဃာတော်များအား ဗဟိုအလုပ်အမှု့  ဆောင် အဖွဲ့ ဝင် အန်ကယ်ဦးလှဖေ မှ ဦးဆောင်၍ အာရုံ ဆွမ်းကပ်လှူ ခဲ့သည် ။

နံနက် ၁၀း ၀၀ ခန့်  အချိန်တွင် နော်အုန်းလှဦးဆောင်သော အမျိုးသမီး အင်အား ၁၅ ဦးခန့်  သည် ဗိုလ်ချုပ်အောင်ဆန်းပုံ များကိုကိုင်ဆောင်၍ စီတန်းကာ ဆန္ဒပြခဲ့ကြသည် ။

ဆက်လက် ၍ အာဇာနည်နေ့  အခမ်းအနားကိုကျင်းပရာ နံက် ၁၀း ၃၇ အချိန် တွင် တမိနစ် ဥသြဆွဲ ကာအဖွဲ့ချုပ်အဖွဲ့  ၀င်များအားလုံး အာဇာနည်ဗိမာန် ဖက် သို့  မျက်နှာမူကာ အလေး ပြုကြသည် ။အလေးပြုပြီးနောက် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဆုတောင်းအမျှဝေခြင်းကို တပြိုင်ထဲဆက်လက် ပြုလုပ်ခဲ့ကြသည် ။

ထိုနောက် ၁၁း၀၀ နာရီ ၀န်းကျင်တွင် အဖွဲ့ ချုပ် လူငယ်အင်အား ၅၀ ကျော် တို့  သည် အာဇာနည်ကုန်းဖက်သို့  အလေးပြုရန်အတွက် ချီတက် သွားကြရာ အခမ်းအနားကျင်းပခြင်း ကိုစောင့်  ကြည့်နေကြသော အာဏာပိုင် များသည် ထိုအဖွဲ့ ဝင်များနောက် သို့ လိုက်လံ သွားကြပြီး အာဏာပိုင်တို့  ဖက်မှာ ခေါ်ယူသတိပေးခဲ့သည် ။ အဖွဲ့ ဝင်လူငယ်များမှာ အာဏာနည်ဗိမာန် အားအလေးပြုရန်သက်သက်သာဖြစ်ကြောင်း ၊ သို့  ပါသောကြောင့် အလေးပြုခွင့်  တောင်းဆိုခဲ့ရာ အလေးပြုခွင့်ရရှိခဲ့သည် ။

အဖွဲ့ ဝင်လူငယ်များသည် အာဏာနည်ဗိမာန် တွင် အလေးပြုခဲ့ကြပြီး အဖွဲ့ ချုပ်ရုံးသို့  နေ့  လည် ၁၂း၀၀ အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြပြီး ၊ အဖွဲ့ ချုပ်ရုံးတွင်ကျင်းပနေသော အာဇာနည် အခမ်းအနားတွင် ပြည်လည် တက်ရောက်နိုင်ခဲ့ကြသည်။

No comments: