Tuesday, July 21, 2009

နအဖရယ် ကြောက်တတ်လွန်းလှချီလား။ ရဟန်းသံဃာ ပြည်သူတွေကို သတ်ထားတဲ့ သွေးတွေ အမြဲခြောက်လှန့် နေတယ်ဆိုတာနဲ့  ပြန်ခံရမယ့် အလှည့်ဆိုတာ ရှိတယ်။

နေပြည်တော်တွင် ယနေ့ ရုံးဆင်းချိန်မှစ၍ မိမိတို့အိမ်အသီးသီး၌ ပရိတ်တရားခွေများဖွင့်ရန် ၀န်ထမ်းများအား ညွှန်ကြားထားကြောင်းသိရပါသည်။

ထို့အပြင် ရုံးအသီးသီး၌လည်း အချို့ဝန်ထမ်းများစု၍ ပရိတ်ရွတ်ရမည်ဖြစ်ကြောင်း နေပြည်တော်မှ လာသောသတင်းများအရ သိရပါသည်။ ထိုသို့ ပြုလုပ်ရခြင်းအကြောင်းမှာ မနက်ဖြန် (၂၂.၇.၂၀၀၉) နေ့တွင် နေကြတ် (Solar Eclipse) မည်ဖြစ်သောကြောင့် အန္တရာယ်ကင်းစေရန်ဟုဆို၍ နိုင်ငံတော် အကြီးအကဲမှ ညွှန်ကြားထားကြောင်းသိရပါသည်။

ယခုလို ထူးထူးခြားခြားပြုလုပ်ခိုင်းခြင်းမှာ အမှန်တကယ် ပြည်သူလူထုအား အန္တရာယ် ကင်းစေချင်သည်လား၊ ထိုနိုင်ငံတော်အကြီးအကဲ၏ ဗေဒင်ဆရာများ ပြုလုပ်ခိုင်းသဖြင့် ယတြာချေခြင်းလားဟု ၀န်ထမ်းအများစု တီးတိုးမေးမြန်း ပြောဆိုနေကြကြောင်း သိရပါသည်။





































အိန္ဒိယ၊ မြန်မာ မြောက်ဖျား၊ တရုတ် အယ်ပိုင်း တောက်လျောက် ရှန်ဟိုင်း နဲ့ မာရှယ်ကျွန်းစု တစ်လျောက် နေ အပြည့်ကြတ်တာကို မြင်ရပါမည်။ နေကြတ်မှုအား အပြည့်မြင်ရမည့်နေရာများတွင် နေကြတ်ချိန် (၇) မိနစ်ခန့်  ဖြစ်မည် ဖြစ်ပါသည်။



မြန်မာနိုင်ငံအနေဖြင့် မနက်ပိုင်းတွင် တစ်စိတ်တစ်ပိုင်း နေကြတ်တာကို မြင်ရပါမည်။ နေကြတ်ချိန်တွင် ခေတ္တခဏ အမှောင်ကျသွားမည်ကို သတိပြုစေလိုပါသည်။

No comments: