Saturday, July 25, 2009

နိုင်ငံတော်အကြမ်းဖက်အဖွဲ့ က လက်သပ်မွေးထားတဲ့ ရမ်းကားသူများမှ ဆုတောင်းသူများအား ၀ိုင်းရိုက်။

မနေ့ မနက် (၉း၄၅) နာရီခန့် က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင် (၁၆) ဦးကနေ မဟာမြတ်မုနိဘုရားကြိးမှာ ဆုတောင်းပွဲ သွားရောက်ပြုလုပ်ခဲ့ကြပါတယ်။

ဆုတောင်းပွဲမှအပြန်မှာ လူ (၁၀) ယောက်ခန့်ရှိတဲ့ အရပ်သားပုံစံဖြင့် စွမ်းအားရှင်တို့ကနေ နောက်ဆုံးမှ လမ်းလျှောက်နေကြသူ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင်များကို ဒုတ်များဖြင့် ၀ိုင်းရိုက်ခဲ့ကြပါတယ်။ ထိုသို့အရိုက်ခံခဲ့ရခြင်းကြောင့် မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်အဖွဲ့ ဝင်များ ဦးခေါင်းနှင့် ရင်ဘတ်နံရိုးများပြင်းထန်စွာ ထိခိုက်ခဲ့ကြပါတယ်။

ထိုကဲ့သို့  မင်းမဲ့စရိုက်ဆန်စွာ အသားလွတ် ၀င်ရိုက်စော်ကားခြင်းဟာ နိုင်ငံတော်အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့ နအဖကနေ လက်သပ်မွေးထားတဲ့သူများ လုပ်ရပ်ဖြစ်ပါတယ်။ နအဖအနေနဲ့  ယခုလို လက်ပါးစေများမွေးပြီး ပြည်သူများကို ပေါ်ပေါ်တင်တင် အနိုင်ကျင့်ခိုင်းနေတာဟာ အင်မတန် အောက်တန်းကျလွန်းလှပါတယ်။ ထို့ အတူ နအဖရဲ့  ခိုင်းစေမှုကို လုပ်ဆောင်နေကြတဲ့ အဆိုပါ လက်ပါးစေများဟာလည်း ပြည်သူကို နှိပ်စက်ညဉ်းပမ်း ဒုက္ခပေးနေသူများဖြစ်တဲ့အတွက် ပြည်သူ့ ရန်သူ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့  အဆိုပါ ရမ်းကားသူများကို မိမိတို့  ရပ်ကွက်၊ မြို့ နယ်များအတွင်း ၀ိုင်းဝန်းပယ်ထား ကြင်ထားကြကာ ၄င်းတို့ ၏ သာရေးနာရေးများတွင် လုံးဝ ပတ်သက်ခြင်း မပြုလုပ်သင့်ကြပါ။ ထို့ အပြင် အဆိုပါ ပြည်သူ့ ရန်သူ ရမ်းကားသူများအား မိမိတို့  တတ်နိုင်သည့်နည်းများဖြင့် သုတ်သင်ရှင်းလင်းကြရန် တိုက်တွန်းလိုက်ရပါတယ်။

No comments: