တိုက်ပွဲဝင်ဖို့  အားလုံး အသင့်ပြင်ကြ။

နအဖ၏ရက်စက်ယုတ်မာကောက်ကျစ်မှုသည် ရုပ်လုံးပေါ်သထက်ပေါ်လာပြီ ဖြစ်သည်။ နအဖသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၃၁-၀၇-၂၀၀၉) နေ့တွင် မတရား ထောင်ဒဏ်အပြစ်ပေးတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ နှင့် ပြည်သူမျိုးချစ်တပ်မတော်သားအားလုံးသည် မိမိတို့၏ စုတ်ပြတ်နုံခြာ ဆင်းရဲမွဲတေ လူတစ်လုံးသူတစ်လုံးအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရသည့် ငရဲခန်းဘ၀ထဲမှ ရုန်းထွက်ဖို့အတွက် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ် မဖြစ်မနေဆင်နွဲကြရတော့မည် ဖြစ်သည်။
ဗမာ့သွေး ရဲရဲနီကြောင်းကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့သလို သမိုင်းပေး တာဝန်တစ်ရပ်သည် မိမိတို့ပခုံးပေါ်သို့ ကျရောက်လာပြီ ဖြစ်ပေသည်၊ ယခုအချိန်အခါသည် အနီးကပ်ဆုံးရန်သူကို ချေမှုန်းသုပ်သင်ရမည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြန်မာပြည်ကြီးသည် မကြာခင် အသူရာချောက်ထဲသို့ ဇောက်ထိုးကျရောက်တော့မည် အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်ပေသည်၊ ဇောက်ထိုးကျအောင် အတင်းတွန်းချနေတဲ့ နအဖကို အပီးပိုင် ခြေမှုန်းသုတ်သင် တော်လှန်မလား၊ ဒါမှမဟုတ် နအဖစစ်မိစ္ဆာကောင်တွန်းချသည့် အသူရာချောက်ထဲသို့ ဇောက်ထိုးမိုးမျှော် လိုက်ပါသွားမလားဆိုတာကို မိမိကိုယ်မိမိ သေသေချာချာဆန်းစစ်ဖို့ အထူးလိုအပ်နေပြီ ဖြစ်သည်။
စဉ်းစားမနေနဲ့ တွေဝေမနေပါနဲ့၊ မျိုးချစ်မြန်မာ ထလော့ ထလော့ မျိုးချစ်မြန်မာ၊ သင့်ရဲ့ အနီးကပ်ဆုံးရန်သူကို သင့်မှာရှိတဲ့ ကိုယ်ပိုင်လက်နက်နဲ့ အပြီးပိုင် ချေမှုန်းသုတ်သင်ပါ လော့၊ အောင်ပွဲသည် သင့်ရဲ့  လက်တစ်ကမ်းမှာ၊ သင့်သွေးဖြင့် လူထုခေါင်းဆောင်များကို ကယ်တင်ပါ၊ သင့်သွေးသည် သင့်နိုင်ငံရဲ့ သမိုင်းကဗျဉ်းအဖြစ်နဲ့ သင်ဟာ သင့်နိုင်ငံရဲ့  မဟာ သူရဲကောင်းအဖြစ် ရာဇ၀င်မှာ တွင်ကျန်ရစ်ပေးလိမ့်မည်။
နအဖ စစ်မိစ္ဆာကောင်များကို အပြီးပိုင်တော်လှန်ကြ။
ဗမာ့သွေးကို ဖောက်ထုတ်ကြ။
အာဏာရှင်မှန်သမျှ ဗမာ့မြေပေါ်မှာ အမြစ်ပါ မကျန်အောင် ဆွဲနုတ်ကြ။
ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)။
No comments:
Post a Comment