တစ်ခါထက် ပိုအစော်ကားခံရရင်တော့ ဘယ်သူညံ့လို့ လည်း။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်း မြန်မာပြည်ကို ရောက်တာ အခုဟာ ဒုတိယအကြိမ်ပါ။ ဂမ်ဘာရီကတော့ အခေါက်ပေါင်းမြောက်များစွာရှိနေပါပြီ။ ယခု ဒုတိယအကြိမ်အဖြစ်ရောက်ရှိနေတဲ့ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ပေးမတွေ့ နိုင်ဖူးလို့  သန်းရွှေက ဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုလိုက်တာဟာ သန်းရွှေတို့ ရဲ့  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်တစ်ဦး (သို့ ) ကုလသမဂ္ဂကို လုံးဝ ဂရုမစိုက်ဖူးဆိုတဲ့ စိန်ခေါ်တုန့် ပြန်မှုကို ဗြောင်ကျကျ ပြသလိုက်တာပါ။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သာ တွေ့ ခွင့်မရဘဲ ပြန်ခဲ့ရရင် (သို့ ) ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးခဲ့ဖူးဆိုရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်း တစ်ယောက် ဘာဆက်လုပ်မလည်း။
မြန်မာပြည်ရောက် ဘန်ကီမွန်းနဲ့  ဂမ်ဘာရီတို့ အရှက်ကွဲပြီး ပြန်ပြန်နေရတဲ့အကြောင်း တွေ့ မြင်နေရလို့  တစ်ခါထက် ပိုအစော်ကားခံရရင်တော့ ဘယ်သူညံ့လို့ လည်း ဟုသာ မေးရတော့ မလို ဖြစ်နေပါပြီ။
ပထမအကြိမ် မြန်မာပြည်ကို ရောက်ခဲ့စဉ်က ဘန်ကီမွန်းတစ်ယောက် သန်းရွှေရဲ့  လှည့်ဖြားမှုလေးခံခဲ့ရတာကို ပြန်သတိရလို့ ကျန်ခဲ့တဲ့နှစ်က ရေးတင်ခဲ့တဲ့ ပို့ စ်အဟောင်းလေး “ဂန်နဲ့ ဘန် နာမ်နှိမ်ခံရခြင်း “ ဆိုတာလေးကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
ဂန်နဲ့ ဘန် နာမ်နှိမ်ခံရခြင်း (ဂန်ဘာရီနဲ့  ဘန်ကီမွန်း နာမ်နှိမ်ခံရခြင်း) ဆိုတော့ ဘာများဖြစ်လို့ လည်းဆိုပြိး ထူးဆန်းကောင်း ထူးဆန်းသွားပေမယ့်၊ ဒါမျိုးတွေကို လုပ်ရိုးလုပ်နေကျအတိုင်း လုပ်လေ့ရှိတဲ့ နအဖတွေ အကြောင်း သိထားသူတွေကတော့ နာမ်နှိမ်တယ်၊ ယတြာခြေတယ်ဆိုတာ ခဏခဏကြားနေကြမို့ လို့  မြန်မာပြည်သူတွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း အခုဟာက ကိုယ့်ရဲ့ မြန်မာပြည်ဖွား ပြည်သူများအပေါ်မှာ နာမ်နှိမ်တာမဟုတ်ဘဲ နိုင်ငံခြားသား တွေအပေါ်မှာပါ လုပ်လာတာတွေ့ ရတော့၊ အထူးသဖြင့် ကမ္ဘာကြီးကို အုပ်ချူပ်နေတဲ့ ကမ္ဘာ့ခေါင်းဆောင် တွေအပေါ်မှာပါ အစီအစဉ်တကျနဲ့  အကွက်ဆင်လုပ်လာတာတွေ့ ရတော့ ထူးတော့ထူးဆန်းပါတယ်။
ယတြာခြေတဲ့အနေနဲ့ ရော၊ သန်းရွှေ ဘုန်းတန်ခိုးကြီးဖို့  အတွက်ရော သန်းရွှေ မျက်နှာနဲ့ ထုလုပ်ထားတဲ့ ကျောက်စိမ်းဘုရားဆင်းတုတော်တစ်ဆူကို ရွှေတိဂုံဘုရားမှာ ထားရှိခဲ့တယ်။ ဒီ သန်းရွှေ မျက်နှာတော်နဲ့  ဘုရား ဆင်းတုတော်ထုလုပ် ထားတာ လူတွေက မယုံကြည်ကြသေးဖူး။ သန်းရွှေ မျက်နှာနဲ့ ဆင်တူတာပါ၊ ဘုရားဘဲ ဘယ်ဘုရားဘဲ ရှိခိုး ရှိခိုးပေါ့ဆိုတာတွေကို ပြည်သူတွေက ရိုးရိုးသားသားတွေးမိကြပေမယ့်၊ သန်းရွှေ တို့ က တမင်ရည်ရွယ်ပြီး အကြံနဲ့ စီမံပြုလုပ်ခဲ့တာကိုတော့ သိဖို့ လိုပါတယ်။
ရွှေတိဂုံဘုရား ထီးတော်အနားမှာ သန်းရွှေနှင့် မိသားစုကောင်းမှု ဆိုင်းဘုတ်ချိတ်တာတို့ ၊ ဘုရားဆင်း တုတော်မျက်နှာတော်ကို သန်းရွှေ မျက်နှာနဲ့  ထုလုပ်တာတို့ ဟာ မြတ်စွာဘုရားကို ဦးတည်ရည်မှန်းရှိခိုးတိုင်း သန်းရွှေ ကို ရှိခိုးနေရတာမျိုး လုပ်ထားတာ ဖြစ်တယ်။
မြန်မာပြည်ကို လာရောက်တဲ့ ဂန်ဘာရီကြီးကို သန်းရွှေ မျက်နှာနဲ့ ဘုရားဆင်းတုတော် ရှိရာကို ခေါ်သွားပြီး တရိုတသေလုပ်ခိုင်းတယ်။ တစ်ဘက်လှည့်နဲ့ ဆွဲဆောင်ပြီး လက်နှစ်ဘက်အစုံနဲ့  တောင်းပန်ခယတဲ့ပုံစံနဲ့  ဖြစ်အောင် လုပ်ခိုင်းတယ်။
ဂန်ဘာရီကြီးတင်မကဖူး မကြာသေးခင်က ရောက်လာခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ကြီး ဘန်ကီမွန်းကြီးကိုလည်း ဒီလိုတစ်ပုံစံထဲလုပ်ခိုင်းခဲ့တယ်။ မတူညီတဲ့အချိန်က ရောက်လာခဲ့ကြတဲ့ ဂန်ဘာရီရော ဘန်ကီမွန်းကိုပါ နာမ်နှိမ်တဲ့အနေနဲ့  သန်းရွှေ မျက်နှာနဲ့ ဘုရားဆင်းတုတော်ကို ခခယယ အရိုအသေ ပေးခိုင်းခြင်းအားဖြင့် သန်းရွှေ ကို ဘုန်းတန်ခိုးမြှင့်ပေးစေတာမျိုးဖြစ်အောင်၊ ဂန်နဲ့ ဘန်တို့ ကို သန်းရွှေ ရဲ့  လက်အောက်ငယ်သားသဖွယ်အနေအထားမျိုးနဲ ဆက်ဆံနေတဲ့ပုံစံဖြစ်အောင် တမင်နာမ်နိမ်ခဲ့တယ်ဆိုတာ အားလုံးသုံးသပ်ကြည့်ရင် သိသာထင်ရှားပါတယ်။ ဘုရားဆင်းတုတော်ကိုလည်း ဒီလို သန်းရွှေ မျက်နှာနဲ့  တမင်ထုလုပ်ထားတဲ့ရည်ရွယ်ချက်ဟာလည်း အစီအစဉ်ရှိရှိနဲ့ ဖန်တီးခဲ့တာဆိုတာလည်း ပေါ်လွင် ထင်ရှာပါးတယ်။ ဂန်ဘာရီနဲ့  ဘန်ကီမွန်းရဲ့  အဖြစ်အပျက်ဟာ တစ်ပုံစံထဲ ထပ်တူထပ်မျှကြနေတာ တွေ့ မြင်ရပါတယ်။
ဂန်ကြီးနဲ့  ဘန်ကြီးတို့ တော့ ဒီလိုနာမ်နှိမ်ခံလိုက်ရတာ သိတောင် သိပါ့မလား မသိဖူး။
(နစ်နေမန်း၊ မေလ ၂၀၀၈ ခုနှစ်)။
No comments:
Post a Comment