Sunday, July 19, 2009

နအဖက ဘယ်လောက် ပိတ်ပင်တားဆီးနှောင့်ယှက်ပလေ့စေ အာဇာနည်ကြီးများကို သွားရောက်ပြီး အလေးပြုရမှာ ပြည်သူတွေရဲ့  တာဝန်ဘဲ။





















ဒီမနက် ကျွန်မ ပြည်သူတစ်ဦးအနေနဲ့  အာဇာနည်ကုန်းမှာ ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးသွားပြုခဲ့ပါတယ်။

နအဖအာဏာရှင်တွေကနေ လူတွေ မလာချင်အောင် မလာရဲအောင်လုပ်တာကတော့ ခါတိုင်းနှစ်တွေလိုပါပဲ။ ဒီနှစ် ရဲကားတွေ လုံခြုံရေးတွေများတာပါပဲ။

အလေးပြုဖို့ လာတဲ့သူတိုင်းကို အထဲမ၀င်ခင် သုံးနေရာမှာ နာမည်၊ နေရပ်၊ အဖအမည်၊ မှတ်ပုံတင်အမှတ် မေးတယ်။ ဓါတ်ပုံရိုက်တယ်။ အလေးပြုပြီးပြန်ထွက်တော့ တစ်ခါထပ်မေးပြီး၊ ဓါတ်ပုံထပ်ရိုက်ပြန်တယ်။ သူတို့ ကနှစ်တိုင်း ဒီလိုလုပ်နေကြဘဲ။ လူတွေကို စိတ်ပျက်ပြီး မလာချင်အောင်၊ ကြောက်ပြီး မလာချင်အောင် လုပ်နေကြ။ ဒါပေမယ့် သွားရမှာက ကျွန်မတို့  ပြည်သူတွေရဲ့ တာဝန်ပဲ။

(ကိုယ်တိုင်ကိုယ်ကျ သွားရောက်အလေးပြုခဲ့သူ ပြည်သူတစ်ဦးဖြစ်တဲ့ ရွှေဆည်းဆာ ရဲ့  ရေးသားဖေါ်ပြလာမှု ဖြစ်ပါတယ်။ လေးစားဂုဏ်ယူပါတယ် ရွှေဆည်းဆာ)။

No comments: