ရာထူးအရှိန်အ၀ါကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာကာ လာဘ်စားနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူး။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သည် ရန်ကုန်တိုင်းအတွင်း နေရာကောင်းသည့် မြို့နယ်များသို့ ပြောင်းရွှေ့လိုပါက မြို့နယ်မှူးတဦးလျှင် (၁၅) သိန်း မှ (၂၀) သိန်း ပေးရပါသည်။ စခန်းမှူးဆိုလျှင် (၁၅) သိန်းပေးရပါသည်။ အခြားအဆင့် ပြောင်းရွှေ့လိုပါက “ဒ/န ဌာနစိတ်၊ ထ.လ.ရ ဌာနစိတ်၊ စစရ ဌာနစိတ်များသည် (၅) သိန်းပေးရခြင်းတို့ ဖြစ်နေပြီး၊ ပြောင်ပြောင်တင်းတင်း လာဘ်ယူကာ ရာထူးအရှိန်အ၀ါကို အသုံးချနေပါသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်၏ ဇနီးမှ မင်္ဂလာတောင်ညွှန့်မြို့နယ် (၁၄၂) လမ်းတွင် နန်းဧက၇ီ အလှပြင်ဆိုင်ဖွင့်လှစ်ထားပြီး၊ မြို့နယ်ရဲစခန်းများမှ တပါတ်လျှင် နေ့အလိုက် အလှည့်ကျ တစ်မြို့နယ်လျှင် (၅)ဦးနှုန်းဖြင့် မြို့နယ်မှူးဇနီး၊ စခန်းမှူးဇနီးတို့မှ နယ်ထိန်းဇနီးများကို ခေါ်ပြီး ပို့ပေးရခြင်း၊ အလှပြင်ခအနေဖြင့် တစ်ရက်လျှင် အနည်းဆုံး (၅၀၀၀၀) ကျပ်နှုန်းဖြင့်အလှည့်ကျ ကုန်ကျခံနေရပါသည်။ ခေါင်းမလျှော်ချင်၊ ပေါင်းမတင်ချင်သော်လည်း အလှည့်ကျ မဖြစ်မနေ သွားရောက်အားပေးနေရပါသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သည် ရန်ကုန်တိုင်းတပ်ဖွဲ့မှူးဆိုသည့် အရှိန်အ၀ါဖြင့် အမှုသည်များမှ ချည်းကပ်အကူညီတောင်းသည့်ကိစ္စများတွင် တဘက်စောင်းနင်းဖြင့် ရဲစခန်းများတွင် ၀င်ရောက်ပါဝင်ပြီး၊ အာဏာကို အလွဲသုံးစားပြုလုပ်ကာ လိုက်ပါဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရှိရပါသည်။
(သတင်းပေးပို့ လာသူ ပြည်သူတစ်ဦးအား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment