ရတနာပုံ FC အောင်ပွဲရမှုအပေါ် အမြတ်ထုတ်နေကြသော မယက ဥက္ကဌများ။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ မယက ဥက္ကဌ တွေကနေ ရပ်ကွက်လူကြီးများကို အစည်းအဝေးခေါ်ပြီး ဗိုလ်လုပွဲ အောင်ပွဲရ ရတနာပုံ FC အသင်းအတွက်ဟုဆိုကာ တစ်ရပ်ကွက်လျှင် ငွေ (၂) သောင်း ကောက်ခံခိုင်းလျက် ရှိနေပါတယ်။
ရတနာပုံအသင်း အောင်ပွဲရတဲ့ အတွက် အများစုက ၀မ်းသာကြသော်လည်း ယခုလို မတရား ငွေကောက်ခံတာကိုတော့ လက်မခံနိုင်ကြပါဘူး။ လူတိုင်း စီးပွားရေးကျပ်တည်းနေချိန်မှာ အခုလို ကောက်ခံတာဟာ မြန်မာအများစု နေထိုင်တဲ့ လက်လုပ်လက်စား ရပ်ကွက်တွေအတွက် အခက်အခဲ ဖြစ်ကြရပါတယ်။
နောက် ပြောတော့ pro စနစ်ဆိုပြီးတော့ အသင်းပိုင်ရှင်လည်းရှိရဲ့သားနဲ့ ယခုလို ပြည်သူတွေဆီက မတရားခေါင်းပုံဖြတ် ငွေကောက်နေတာပါ။ ဆိုရရင်တော့ ဂျာနယ်တွေထဲမှာ ပလူပျံအောင်ပါနေတဲ့ ရတနာပုံ FC အသင်းသားတွေ ဟိုတယ်တွေမှာ ပျော်ပါးအောင်ပွဲခံဖို့ အတွက် ဆင်းရဲလှတဲ့ လူထုက ထောက်ပံ့ပေးရမယ့်သဘောလားလို့ မေးလိုက်ချင်ပါတယ်။
အသင်း ဗိုလ်စွဲခဲ့တဲ့ အတွက် ဂုဏ်ယူသော်လည်း ယခုလို လုပ်ရပ်တွေကြောင့် နောက်နှစ်တွေမှာ မန္တလေးတိုင်းက လူတွေ ရတနာပုံကို အားပေးချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။
ရတနာပုံ FC အောင်ပွဲရမှုအပေါ် အမြတ်ထုတ်နေကြတဲ့ မယက ဥက္ကဌများရဲ့  လုပ်ရပ်က ရတနာပုံ FC ကို အားပေးနေကြတဲ့ မန္တလေးသားတွေအပေါ် တမင်သက်သက် ဒုက္ခပေးသလို ဖြစ်နေတာ မသင့်တော်ဖူး ထင်ပါတယ်။
(ပေးပို့ လာသော မန္တလေးသားတစ်ဦးအား အထူးကျေးဇူးတင်ရှိပါတယ်)။
No comments:
Post a Comment