Friday, August 7, 2009

သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲနှင့်  အကောင်းဆုံး မြေသြဇာအဖွဲ့ တို့ ၏ လှုပ်ရှားမှု။

သြဂုတ်လ (၆) ရက်နေ့  မနေ့ က သံဃာ့တပ်ပေါင်းစုအဖွဲ့ ခွဲနှင့် အကောင်းဆုံးမြေသြဇာ အဖွဲ့တို့  ပူးပေါင်းပြီး ရွှေတိဂုံဘုရားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းပွဲအား ကျင်းပခဲ့ကြပါသည်။

ယခုလှုပ်ရှားဆောင်ရွက်ရာတွင် ၈၈၈၈ အောက်မေ့သတိရ ခြင်း အထိမ်းအမှတ်အနေနှင့် “၈၈၈၈ လုံး ကို မမေ့နဲ့ “ စာသားပါ စာရွက်တိုများအား သံဃာ့အင်အား (၇) ပါးနှင့် မြေသြဇာအဖွဲ့ဝင် အင်အား (၁၄) ယောက်တို့မှ လိုက်လံ ကြဲချခဲ့ကြပါတယ်။

(သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲနှင့်  အကောင်းဆုံး မြေသြဇာအဖွဲ့ )။



No comments: